Part-22

14.3K 1K 15
                                    

Unicode

ကြယ်တွေစုံသောညလေးတစ်ညမှာ ကြည်လင်နေသော ကောင်းကင်တစ်ခွင်၌ မီးပုံပျံလေးတွေ ဟိုဟိုဒီဒီ  ပျံသန်း
လို့နေကြပါသည်။ဗျောက်အိုးဖောက်သံတွေဟာ မြို့ပြင်ရှိ ချယ်ရီမြိုင်အိမ်ယာဝင်းထဲ ဆူညံစွာ ပေါ်ထွက်နေပြီးလက်ခနဲဖြာကျသွားတဲ့ မီးရောင်စုံတွေကတော့ လထိန်ထိန်သာနဲ့ ဝိုးတဝါး မှောင်ရီချိန်ကို တန်ဆာဆင်
လို့နေလေသည်။

တစ်နေကုန်အိပ်ပြီး နေပြန်ကောင်းသွားဟန်တူသော ခေါင်လေးဟာ နှိုင်းကို မလည်ရမချင်း ဂျီတိုက်နေသဖြင့် ချယ်ရီမြိုင် သီတင်းကျွတ် ဈေးပွဲသို့ နှစ်ယောက်အတူတူ
ရောက်ရှိနေကြပါသည်။

"ဘယ်လိုလဲ စိတ်ချမ်းသာ သွားပြီလား"

နှိုင်းမေးသည်ကို ခေါင်လေးက မဖြေပဲ ခုနှစ်စင်ကြယ်ပုံစံလွှတ်လိုက်သော မီးပုံးတွေကို ပြုံးပြီး ကြည့်နေပါ၏၊ သူ့ပုံစံက ဘာမှအပူအပင်မရှိသလို လွှတ်လပ်ပေါ့ပါးသည့်
အသွင်ကို ဆောင်လို့နေပါသည်။

"လှတယ်နော်"

နှိုင်းကတော့ ခေါင်လေးကြည့်နေသော မီးပုံးတွေကို လိုက် ကြည့်ပြီးနောက် ပြုံးနေသော ခေါင်လေးမျက်နှာကို ချစ်မဝစွာ ငေးကြည့်နေမိပါ၏။ ဆံပင်တွေအကုန်သိမ်း၍
စည်းနှောင်ထားသဖြင့် ရှင်းလင်းသော မျက်နှာပြင်ဟာ ဘေးတစ်စောင်း မြင်နေရသည့်တိုင် ဆွဲဆောင်မူတွေ ပျောက်ပျက်မသွားပဲ ပိုလို့ထူးကဲနေသည်။

"တစ်ခါတစ်လေ မီးပုံးလေးတွေကို အရမ်းအားကျတာပဲ"

ဒီအချိန်မှာတော့ ခေါင်လေးဟာ နှိုင်းကို မျက်လုံးလေး စွေ ကြည့်လာပါ၏။

"ဘာလို့လဲ"

"ကိုယ်ပိုင်မီးရောင်လေးတွေနဲ့ ဝေဟင်ထဲ အချုပ်အနှောင် မရှိ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်လို့ပေါ့"

"မီးစာကုန်သွားရင် ပြုတ်ကျပြီး ပျက်စီးသွားမှာပဲလေ"

"ဟုတ်တော့ဟုတ်တယ်။ ဒါပေမယ့် ခွန်အားရှိသလောက်တော့ လောက ကြီးကို အလှဆင်သွားနိုင်ကြတယ်လေ"

ခေါင်လေးသည် နှိုင်းစကားကြောင့် နှုတ်ခမ်းလေးတွန့်ကွေး သွားအောင် ပြုံးလိုက်ပြီး... မီးပုံတွေ တစ်ခုပြီး တစ်ခု လွှတ်တင်နေသော လူတွေကို ပြန်ငေးကြည့်နေ၏။
မီးပုံလေးတွေ လှတာဟာ ဖန်တီပေးတဲ့သူ ပေါ်လည်း မူတည်သေးကြောင်း သူပြောချင်ပေမယ့် မပြောဖြစ်ပေ။

Black Memory(U+Z)(Completed )Where stories live. Discover now