Bonus Part( Only Unicode )

13.2K 685 49
                                    


စာရှည်လို့ Zawgyi သက်သက် Unicodeသက်သက် ခွဲထားပါတယ်နော်။
(Extraများ စာအုပ်ထဲတွင်မပါပါ။)

....................................

Only Unicode

"မောင်... ထတော့လေ"

"အင်.... "

နှိုင်းက နိုှးလျှင် မောင့်ဆီက ခပ်သဲ့သဲ့အင်'သံသာထွက်၏။
မနက်ခင်းတိုင်း မောင့်ကိုနှိုးရသည်က နှိုင်းအတွက် အလုပ်
တစ်ခုလိုပင်။ သို့တိုင် နှိုင်းဟာ ဘယ်တော့မှ မပျင်းရိခဲ့သလို
ရိုးသွားခြင်းလည်းမရှိရပေ။ထို့အတူ အိတ်ပုတ်လေး
မောင်ဟာလည်း သူလာနှိုးမှ ကြိုက်သည်။ထသည်။
မဟုတ်လျှင်တော့ တစ်နေကုန်မထသလို စိတ်ကလည်း
ဆိုးတတ်သေးသည်။

"မောင် ထတော့လေကွာ... ငါ ဆိုင်သွားဖွင့်တော့မယ်လေ။
အဲ့တိုင်းဆက်အိပ်နေရင်... ဒီနေ့တစ်နေကုန် ငါ့ရဲ့
မျက်နှာလေးကို မင်းတွေ့ရမှာမဟုတ်ဘူးနော်"

နှိုင်း ၏ ခြိမ်းခြောက်စကားက အရာရောက်သည်ထင်၏။
ခေါင်လေးတစ်ယောက် ငေါက်ခနဲထလာကာ မျက်လုံး
လေးတစ်ဖက်သာဖွင့်ကြည့်လျက် နှိုင်းဘက်သို့ လက်လှမ်းလိုက် သည်။ သူ့ကိုအိပ်ယာထဲက ဆွဲထူခိုင်းနေသည်ကို
သိလျှင် နှိူင်းက...

"ကိုယ့်ဟာကိုယ်ထလေ "

သို့သော် ခေါင်လေးက ခေါင်းယမ်းကာ လက်လှမ်းနေပြန်လျှင်
မနေနိုင်သည့် သူကပဲ ဆွဲထူပေးဖို့ လုပ်ရသည်။ ထိုစဉ်
ခေါင်လေးက နှိုင်းလက်လေးကို ပြန်ဆွဲချကာ...နှိုင်း
ကို ရင်ခွင်အောက်ဆွဲသွင်လျက် ပါးအိအိလေးတွေကို
နှာဖျားလေးနှင့် လိုက်ထိကာ လည်တိုင်တို့ကိုပါလိုက်ထိ
နေ၏။

"ယားတယ်..ဟား..မလုပ်နဲ့...မောင်ကွာ...မျက်နှာလည်း
မသစ်ရသေးပဲနဲ့...ဖယ်လို့...ဟဟား.."

"ဒီလောက်မွှေးကြိုင်ပြီး ရှိုး အပြည့်ပြင်ထားတာ
ဘယ်သွားဖို့လဲ...ဘာလို့ အဲ့လောက်ချောနေအောင်
ပဲများထားရတာလဲ"

နှိုင်းက ထွန့်ထွန့်လူးနေအောင် ရယ်လျက် လက်တွေကို
ဖယ်ချဖို့ကြိုးစားနေရင်း ခေါင်လေး၏ အလိုမကျစွာ
မေးမူကြောင့်... မျက်ခုံးလေးတွေပင့်လျက်...ပြုံးစိစိလေးဖြင့်..

Black Memory(U+Z)(Completed )Waar verhalen tot leven komen. Ontdek het nu