Part-33

14.2K 1K 18
                                    

Unicode

"တကယ်ကြိီး ဒီလိုအိပ်မှာလား"

"ဒီလိုမအိပ်လို့ ဘယ်လိုအိပ်မှာလဲ"

"အင်.. "

မောင့် ရင်ဘတ်ပေါ် ခေါင်းလေးတင်လို့ မှေးစက်ဖို့ အချိန်ကျရောက်ပြီ။ နွေးထွေးလုံခြုံ လွန်းတဲ့ ရင်အုပ်ကျယ်ဟာ
သူ့တစ်ဘဝလုံး ခံစားခဲ့ရတဲ့ အထီးကျန်မူနဲ့ ပြစ်တင်ဝေဖန် မူတွေကို မြုပ်နှံသွားစေပါသည်။

"အိပ်ပြီလား"

"မအိပ်သေးဘူး ဘာလိုလို့လဲ"

"ဟင့်အင့် မလိုပါဘူး"

မောင့်နှလုံးခုန်သံတွေဟာ ဆောက်တည်ရာမရ ခုန်ပေါက်
ပြေးလွှားနေတာကို နှိုင်းကြားနေရသည်။ ထို့ပြင် ငြိမ်သက် ကာ အသက်ရှူအောင့်ထားသလား ထင်ရအောင်မောင့် ခန္ဓာ ကိုယ်ဟာ တောင့်တောင့်လေး ဖြစ်နေပါ၏။

"အိပ်ပြီလား "

"အင်"

ဒီတစ်ခါထပ်မေးတော့ တိုးတိုးလေး ထွက်လာတဲ့မောင့်အသံလေး။ မောင့်မျက်နှာလေးကို ကြည့်ချင်လိုက်တာ။ ဘယ်လို
လုပ်ရမလဲ ။ ထိုစဉ် မောင့် လက်ချောင်းလေးတွေဟာ နှိုင်းရဲ့ ဆံပင်လေးတွေကို ဖွဖွလေး ပွတ်သပ်ပေးလာပါ၏။

ရုတ်တရက် မို့ နှိုင်း အသက်တောင်မရှူရဲစွာ
ငြိမ်နေလျှင် ခေါင်လေး က နှိုင်းရဲ့ခေါင်းကို နမ်းလိုက်ပြီး လက်နှစ်ဘက်ကိုဘေးချထားရာမှ ဖက်တွယ်လာ၏။

"ဘာမှလျှောက်တွေးမနေနဲ့ အိပ်တော့နော်"

နှိုင်း အိပ်မပျော်တာကို သိနှင့်စွာ ခေါင်လေးက မီးလေး မှိတ်ပေးပြီး ဆံနွယ်လေးတွေကို အဆက်မပြတ်တို့ထိပေး နေပါသည်။

"ဒီတိုင်း တစ်ညလုံးဆို မောင် ညောင်းနေလိမ့်မယ်"

"မညောင်းဘူး အဲ့ဒါကြောင့် အိပ်ပျော်အောင် အိပ်တော့နော်"

နှစ်ယောက်ထဲရှိသောအခန်လေးထဲ
တိုးဖွညှင်သာသော မောင့် အသံကြောင့် နှိုင်း ပြုံးလိုက်ပြီး ရင်ခွင်ကျယ်ထဲ လုံခြုံစွာ မျက်လုံးတို့မှေးမှိတ်လျက် အိပ်စက်လိုက်ပါ၏။

ရင်ဘတ်ပေါ် အငြိမ်မနေပဲ စကားတပြောပြောရှိနေသည့် နှိုင်းလေး ငြိမ်သွားသော်လည် မျက်လုံးတို့ မှိတ်မရသေးပဲ ကျန်ရှိနေတာက ခေါင်လေးပင်ဖြစ်တော့၏။ အရင်ချိန်တွေနှင့်
ဆန့်ကျင်စွာ ကဆုန်ပေါက်နေသော ရင်ခုန်သံကို သူခံစား နေမိသည်။ လူတစ်ယောက် ကို ချစ်ရတာက ဒီလို မျိုး စိတ်လှုပ်ရှားကြည်နူးမူကို ဖြစ်စေတာပါလား လို့ တွေးမိပြီး
နှိုင်းလေးကို ခေါင်းထောင်ကာ ကြည့်လိုက်ပြီး ပြုံးလိုက်မိ၏။ ထို့နောက် သူသည်လည်း မျက်လုံး တို့ မှိတ်ကာ အိပ်စက်ခြင်းဆီသို့ရောက်ရ်ှိသွားပါတော့သည်။ ပင်ပမ်းသွားပြီ ငှက်ကလေးတို့ အိပ်တန်းပြန်လို့ အနားယူချိန်ရောက်ပါပြီ။Goodnight။

Black Memory(U+Z)(Completed )Where stories live. Discover now