part-15

14.9K 1K 14
                                    

Unicode

"နင်တို့ သူ့ကို ဖုန်းဆက်တိုက်ခေါ်နေနော် ။ ငါ သူသွားတတ်တဲ့ နေရာတွေ လိုက်ရှာကြည့်မယ်"

"အေအေ။ တွေ့ရင် ငါတို့ကိုပြောဦး"

"အေအေ"

ခေါင်လေးသည်ဖုန်းချပြီးနောက် နွေးသွားတတ်တဲ့နေရာ တွေကို အလျင်အမြန် စဉ်းစားလျက်။

"ကိုသုတ ကျွန်တော် အပြင်သွားရှာလိုက်ဦးမယ်"

ဆိုတော့ နှိုင်းက စိုးရိမ်စွာ။

"တစ်ယောက်တည်း ဖြစ်ရဲ့လား"

"အင် ရပါတယ်။ ပြန်လာခဲ့မယ်နော်"

ချစ်သူကောင်မလေးအား စိတ်ပူစွာ အလျင်စလို ထွက်သွား သော်လည်း
ခေါင်လေးသည် ပြန်လာမယ် ဆိုတဲ့ စကား
တစ်ခွန်းတော့ ပြောဖို့ရန်မမေ့ပေ။ နှိုင်းသည် အဖော်မဲ့ သွားပြန်သော အခန်လေးထဲ အားမရှိသလို လှဲချမိရင်းမျက်နှာကျက်ကိုငေးမိ၏။

စိတ်တွေလေးနေတယ် ကောင်လေးရေ မင်းဒီတစ်ခေါက် ပြန်လာဖို့ရော ဘယ်လောက်ကြာမှာလဲ။

................

ကျောက်ခဲမှုန်စလေးတွေနဲ့အတူ ထိတွေ့နေတဲ့ ခြေဖဝါးလေး။ သွေးစတို့ပင် စွန်းထင်နေသယောင်ရှိ၏။ ခန္ဓာကိုယ် သာရှိပြီး
စိတ်ဝိညာဉ်မရှိသူလို မိမိခြေလှမ်းတွေဟာ ဘယ်ကိုဦးတည် နေမိမှန်းမသိ။ကမ္ဘာ့ဆွဲအားရဲ့ အပြင်ဘက် လေဟာနယ်ထဲ မျှောလွင့်နေသလို.. ခံစားချက်မဲ့နေသူလို.. မျက်ရည်ကျရ
မလား မကျရဘူးလား မသိသော ခပ်ကြောင်ကြောင် လူတစ်ယောက်လို သူမဟာ ဖရိုဖရဲ အဝတ်များဖြင့်တစ်လှမ်းချင်း လျှောက်လှမ်းနေမိလေသည်။

Screen လင်းလာလိုက် ပြန်မှိတ်သွားလိုက်ဖြစ်နေသော ဖုန်းကိုလည်း သူမ အဓိပ္ပာယ် မဲ့စွာကြည့်နေမိသည်။

ဘာကြောင့် အခုချိန်မှ အဆက်မပြတ် ခေါ်နေကြပါသလဲ။ တကယ်ဆို သူမ အနိုင်ကျင့်ရချိန် မျှော်နေခဲ့ဖူးပါရဲ့ တစ်ယောက်ယောက်များ သူမကို သတိတရ ဖုန်းဆက်လာလေမလား။ အထူးသဖြင့် ခေါင်လေးကတော့ ဆက် ကောင်းပါရဲ့လို့ တွေးမိနေသေးတာ။ သို့ပေမယ့် အချိန်ကုန်သွားသည့်တိုင် တစ်စုံတစ်ရာ ကို ရပ်တန့်ပေးဖို့ ဖုန်းလေဟာ အသံမြည်မလာခဲ့ပေ။

Black Memory(U+Z)(Completed )Where stories live. Discover now