Unicode
"မောင်.. ဒါနဲ့လေ ခန့်ပိုင် တစ်ယောက်တည်း
ဖြစ်နေမှာ ....သွားခေါ်ရအောင်နော်"
"မခေါ်ဘူး"
"ဘာလို့လဲ...ခေါ်ရအောင်ပါဆို..."
"မခေါ်ချင်ဘူး"
ခေါင်လေးမျက်နှာက တကယ်ပေကပ်ကပ်လေးဖြစ်၏။ ငယ်ငယ်ကတည်းကပင် သူတစ်ပြန်ကိုယ်တစ်ပြန် ရန်သတ်လာသောကောင်ကို သွားပြန်ချော့ခေါ်ဖို့ဆိုတာ
စိတ်ကအသိရှိပေမယ့် လူက လိုက်မလုပ်ချင်ပေ။
"မင်းကလည်း ခေါ်ရအောင်ဆို.. သူက မိုးဇေ နဲ့ စကားပြောဖို့ ခက်နေလို့ အချိန်ယူချင်တယ်ဆိုပြီးထွက်လာတာ...ငါကအဲ့မှာ လူတွေအရမ်းများနေတော့ စိတ်ရှုပ်လို့ လိုက်လာတာ... သူ ငါ့ကို ဘာမှမလုပ်ပါဘူး။နှစ်ယောက်အတူတူလာပြီးမှ... ငါကမင်းလာလို့ သူ့ကို ပစ်ထားရင်မကောင်းဘူးလေ"
နှိုင်းလေးက လေးသံအေးအေးဖြင့် ခွင့်တောင်းကာ တောင်းဆိုနေလျှင် လူကြမ်းကြီးပေမယ့် အသဲနုသော သူကပဲ တောင့်မခံနိုင်သဖြင့် အလျော့ပေးရကာ...
"အင်...နှိုင်း ဘာသာနှိုင်းခေါ်နော်.. "
"အင်.. လာ သွားမယ်"
စိတ်မပါတစ်ပါ သူ ခေါင်းညိမ့်လိုက်လျှင် နှိုင်းက အလှပဆုံး ပြုံးကာ ခေါင်လေး လက်ချောင်းတွေကြား သူ့လက်ချောင်း
တွေဖြင့် ယှက်နွယ်၍ က်ိုင်လိုက်ပြီး အောက်သို့ အတူတူပြန်ဆင်းဖြစ်ခဲ့ကြ၏။ သန်ခေါင်ယံအချိန်ကိုကျော်လွန် နေပြီမို့ တောင်ပေါ်လေက ပိုအေးလာကာ တောကောင်လေးတွေအသံက ဟိုမှသည်မှ ခပ်တိုးတိုးဖြင့်ထွက်ပေါ်နေလေသည်။
ခန့်ပိုင်နှင့် ရဲဇော်တို့သည် အမှောင်ထုအား အခွင့်ကောင်းယူ၍ အနမ်းတို့ကြား နစ်မြောနေစဉ် ...ရဲဇော်မှာ ခြေသံတွေ ကိုအရင်းနားစွင့်မိသဖြင့် ခန့်ပိုင်ပုခုံးကိုပုတ်၍ ဆက်မနမ်း တော့ရန် သတိပေးရ၏။
"ဘာ...ဘာဖြစ်လို့လဲ "
"ပြောပါတယ် ဒီကောင်တွေ သနားစရာမကောင်းတဲ့ကောင်ပါဆို "
ခန့်ပိုင်က ရဲဇော်အား နားမလည်စွာမေးနေစဉ် အနောက်ဘက်မှ ခေါင်လေးအသံဟာ မုန်းချင်စဖွယ် ထွက်လာသဖြင့် နှစ်ယောက်သား အယောင်ယောင်အမှားမှားပင် ထရပ်လိုက်မိကြသည်။ နှိုင်းကတော့ ဘာပြောရမည်မသိ
သူတို့ကိုယ်စား ကိုယ်ကပဲရှက်ပေးနေရသလို မျက်နှာပူ လာသည်။ ခေါင်လေးကတော့ နှုတ်ခမ်းလေးမဲ့လို့ နှိုင်း နားရွက်ဖျားနားသို့ကပ်ကာ...
YOU ARE READING
Black Memory(U+Z)(Completed )
Actionဘုန်းထွဋ်ခေါင်လျှံ နှိုင်းသုတလျှံ ဆောင်းရာသီတွေကုန်ဆုံးပြီးသွားရင် နွေရာသီကိုရောက်လာ မှာပဲ။ ငိုချင်နေရင်ငိုချလိုက် ပြီးရင်တော့ ခင်ဗျား အမြဲတမ်း ပြုံးနေဖို့ ကျွန်တော် ကြိုးစားပေးမယ်။ ခင်ဗျားတစ်ယောက် စာအတွက် ကျွန်တော်ရင်ခွင်က ကောင်းကောင်းကြီး ကျယ်ပါတယ...
