part- 20

15.8K 1K 9
                                    

Unicode

"နွေးနွေး နင်အဆောင်ပြန်မလာတော့ဘူးလား"

"ပြန်လာပါ့မယ်ဟဲ့ ။ ဒါနဲ့ မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့မလား ဘုရားမသွားကြဘူးလား"

"သွားမယ်လေ "

"အာ့ဆို ငါ့ကိုလာခေါ်"

"ဟဲ့ ခေါင်လေးနဲ့လာလေ"

"အော် ဟုတ်သား ဒီလိုလုပ် မနက်ဖြန်ကျ လူစုံတတ်စုံဘုရားသွားရအောင် ကိုနှိုင်း Barကိုလာခဲ့ကြ"

"အမလေး အခေါ်အဝေါ်တေတောင် ပြောင်းလို့ ကိုနှိုင်းတဲ့နော်"

"ဟယ် လျှောက်ပြောမနေနဲ့မိုးကြိုးပစ်လိမ့်မယ် မနက်ဖြန်သာ လာခဲ့ကြ"

"အေပါဟယ် အဲ့ဒါဆို ဒါပဲနော် bye bye"

"အေ bye bye"

ဖုန်းပြောပြီးသည်နှင့် နွေးတစ်ယောက် အညောင်းဆန့်ကာ အခန်းအပြင်ထွက်လိုက်၏။ နေ့လယ်ဆယ့်တစ်နာရီ
လောက်ပင်ရှိ ပြီဖြစ်သော်လည်း ခြံဝန်းက ပုံမှန်ထက်တိတ်ဆိတ်လို့နေပါသည်။

နေပါဦး ခါတိုင်းဆို ကိုနှိုင်း ဒီချိန်ထနေပါပြီ။

နွေးသည် အတွေးနဲ့အတူ ကိုယ်လက်သန့်စင်မူ ပြုလျက် Bar အပေါ်ထပ်သို့ တတ်ခဲ့၏။ ပုံမှန်ထနေကြလူ မထလာသဖြင့် နေများ
မကောင်လို့လား ဟူသည့် စိုးရိမ်စိတ်ကြောင့်ရယ်ပါ။

နွေးသည် အခန်းကျဉ်လေးရှေ့ရောက်သည်နှင့် တံခါးကို သာသာလေး ခေါက်လျက်..

"ကိုနှိုင်း ကိုနှိုင်း! "

အိပ်နေသူအနှောင့်အယှက်ဖြစ်မည်စိုး၍ ခပ်အုပ်အုပ်လေး ခေါ်သော်ငြား တုန့်ပြန်သံမကြားရသဖြင့် တံခါးလေးကို အသံမမြည်အောင် ခပ်ဖွဖွလေး ဆွဲဖွင့်လိုက်၏။

"ကိုနှိုင်း.."

နွေးသည် အခန်းငယ်လေးထဲရှိ နှိုင်းရင်ခွင်ထဲ ငြိမ်းချမ်းစွာ အိပ်ပျော်နေသည့် ခေါင်လေးကိုကြည့်ကာ ကိုယ်ပါးစပ်ကိုယ် လက်လေးဖြင့် ပိတ်လျက် အခန်းတံခါးပြန်ပိတ်ပေးလိုက်
လေသည်။ထို့နောက် မျက်နှာထက် ခပ်ပါးပါး အပြုံး ဖြစ်ထွန်းလျက် အောက်ထပ်သို့ပြန်ဆင်းလာခဲ့လေသည်။

Black Memory(U+Z)(Completed )Wo Geschichten leben. Entdecke jetzt