Part-36

13.3K 929 20
                                    

Unicode

"မင်း! ငါ့ကို တကယ်ပစ်ရဲလို့လား?"

ကြောက်ရွံ့နေသော စိတ်ကိုဖုံးဖိရင်း လောပန်း(ခေါ်) ဦးထျန်မိုင် က မိုးဇေအား တုန်လှုပ်စွာ ဆိုပါ၏။ မိုးဇေသည် ကျည်ကုန်သွားပြီဖြစ်သော စက်သေနတ်ကို ပစ်လောချကာ
ပစ်စတို သေနတ်ကို ထုတ်လျက် လောပန်းအား ပြန်ချိန် ထားလိုက်ပါ၏။

လောပန်းနှင့်အတူပါလာသူတွေဟာ သေနတ်ဒဏ်ရာနှင့်အတူ လဲကျသေဆုံးကုန်လေပြီ။

"မင်း.. က ကျေးဇူးရှင်ထက် ခြေရာကြီးသွားပြီဆိုတော့ ပြန်ကိုက်ဖို့ ကြံနေပြီပေါ့!"

မိုးဇေသည် မေးကြောလေးတွေတင်းနေအောင် အံ့ကြိတ် ထားလျက် လောပန်းအား ခပ်စိမ်းစိမ်းမျက်လုံးများဖြင့်သာ
စိုက်ကြည့်နေပါ၏။ ထိုစဉ် လောပန်ဆီမှ ဖုန်းဝင်လာသဖြင့် နှစ်ယောက်လုံး၏အားရုံက ထိုဖုန်းဆီသို့ရောက်ရှိသွားလေသည်။

လောပန်းသည် မိုးဇေအား အကဲခတ်ပြီးနောက် ဖုန်းscreen ကိုကြည့်လိုက်ပါလျှင် သားတော်မောင် ဘိုဘို ထံမှ ဖြစ်နေသဖြင့် မကိုင်ဖို့ရန်ဆုံးဖြတ်လိုက် ပါသော်လည်း မိုးဇေက နှုတ်ခမ်းတို့တွန့်ကော့သွားပြီး..

"ကိုင်လိုက်! Speaker ဖွင့်ထား!"

သေနတ်အား မောင်းတင်လျက် ရွယ်ကာပြောလျှင် လောပန်တစ်ယောက် ဇောချွေးတွေပျံလာပါတော့၏။ ငယ်ငယ်ကတည်းကပင် သူ့အားမုန်းတီးနေသော သားကို ကျေနပ်စေရန် ကြိုးစားလိုသည့်အပြင် တစ်ချက်ခုတ်
နှစ်ချက်ပြတ် ဘုန်းထွဋ်ခေါင်လျှံ အား ရှင်းပစ်ဖို့ ကြံစည်မိ၏။ သို့တိုင် နောက်ကွယ်တွင် မိုးဇေရှိနေသည်ကို တော့ သူမရိပ်မိခဲ့လိုက်ပါချေ။

"ဘယ်လိုလဲ သေသွားကြပြီလား!"

Ph ကိုင်လိုက်သည်နှင့် ထွက်လာသည့်စကားက သေမင်း ရှေ့တည့်တည့် မှာ ကျုပ်ကိုခေါ်သွားပါဆိုပြီး လက်ကမ်းပေးနေသယောင်။

မိုးဇေသည် လောပန်းအား မျက်ခုံးပင့်လျက်
အောက်နှုတ်ခမ်းသပ်ကာ ခနဲ့၏။ ထို့နောက်..
စကား တစ်ခွန်းမှ မဆိုပဲ မောင်းခလုတ်ကို လက်ညိုးလေး ကွေးလို့နိုပ်ချလိုက်ပါတော့သည်။

Black Memory(U+Z)(Completed )Where stories live. Discover now