Part-47

14.1K 914 66
                                    

Unicode

တကယ်ပါ...မညာပါဘူး။

နှိုင်း တွေးဆဆလေးဖြင့်ငြိမ်နေသည်ကို သတိထားမိသော ခေါင်လေးသည် .. အပေါ်ထပ်အတွင်းအကျႌထဲမှ ပစ္စည်း
တစ်ခုအား ထုတ်ယူလျက် စာပွဲပေါ်ချထားသည့် နှိုင်း လက်လေးပေါ် လက်ညိုးလေးဖြင့် ထိလိုက်ကာ...

"ကျွန်တော် လူတစ်ယောက်ကို အရမ်းကြီးချစ်မိသွားလိမ့် မယ်လို့ ဘယ်တော့မှမတွေးခဲ့ဖူးဘူး။ အထူးသဖြင့် ဘဝတစ်ခုလုံးစာကို လူတစ်ယောက်တည်းရဲ့ အပိုင် အဖြစ်နေဖို့ "

နှိုင်းက သူ့အားစိတ်ဝင်တစား ကြည့်လာလျှင် ခေါင်လေးသည် နှိုင်း လက်ညိုးလေကို ဖွဖွလေး ကိုင်လျက် လက်ဖဝါးထဲ
ဝှက်ထားသည့် လက်စွပ်လေးကို စွပ်ပေးလိုက်လေသည်။ နှိုင်းသည် အံသြလွန်း၍ မျက်လုံးလေးတွေဝိုင်းစက်သွား ရပါ၏။

"ကျွန်တော် ခင်ဗျားကို ချစ်တယ်၊အရမ်းချစ်တယ်၊ ဘယ်လိုပြောပြမှ ခင်ဗျား ယုံမယ်ဆိုတာကျွန်တော်မသိဘူး၊ ကျွန်တော် လုပ်ရပ်တိုင်းက ခင်ဗျားကို ငိုစေတယ်၊ ခင်ဗျားကို ဝမ်နည်းသွားစေတယ်၊ ကျွန်တော် ပြင်ချင်ပါတယ်၊ ခင်ဗျား အမြဲတမ်းပျော်နေအောင် ကျွန်တော်ကြိုးစား ပေးချင်ပါတယ် "

ခေါင်လေးသည် နှိုင်း လက်ချောင်းလေးနှင့် လိုက်ဖက်လွန်း လှသည့် လက်စွပ်လေးကို နှစ်ခြိုက်စွာကြည့်ရင်း မျက်ရည် ဝဲလာ၏။ သူ ချစ်တတ်လာပြီလား မချစ်တတ်သေးဘူးလား ဆိုသည်ကိုတော့ မျက်ရည်တို့က သက်သေခံနေပါသည်။ သူ ဘယ်သူ့အတွက်မှလွယ်ကူစွာ မငိုတတ်ခဲ့ဘူးလေ။

"ဒါပေမယ့် ကျွန်တော် မသိဘူး... ကျွန်တော် ဘယ်လို လုပ်ရင် ခင်ဗျားဆီက ယုံကြည်မူရမှာလဲ ...ဟင်"

အဖျားသတ်တို့ လှိုင်းထနေသော အသံအား နားထောင် နိုင်စွမ်းမရှိတော့သည့်နောက် နှိုင်းသည် ...တိတ်ဆိတ်စွာ မျက်ရည်ကျလာပါ၏။ တစ်လိမ့်ချင်း လှိမ့်ဆင်းလာသည့်
မျက်ရည်တွေဟာ သူငိုချင်လွန်း၍ မဟုတ်ပါပေ။ မောင်ဟာ သူ့စိတ်တွေကို ဖတ်တက်သည့်အချက်အား မေ့လျော့ မိသည့်အတွက် အပြစ်ပေးလိုခြင်းသာဖြစ်ပါ၏။

"ကျွန်တော် တို့.. မင်္ဂလာပွဲအကြီးအကျယ်လုပ်ပြီး မင်္ဂလာဆောင်ဖို့ မလွယ်ဘူး နှိုင်း... ကျွန်တော့်မိဘတွေရဲ့ ဂုဏ်သိက္ခာ...ခင်ဗျားတို့ ဆွေမျိုးတွေရဲ့ဂုဏ်သိက္ခာ တွေကြောင့် ဖြစ်လာဖို့က လွယ်ကူမှာမဟုတ်ဘူး။
ဒါပေမယ့် ခင်ဗျားကို ကျွန်တော့်သူငယ်ချင်း၊အသိုင်းအဝိုင်း တွေနဲ့သိအောင် ပြောပြပေးမယ်...ကျွန်တော့်မိဘတွေနဲ့ မိတ်ဆက်ပေးမယ်။ ကျွန်တော့်မိသားစုထဲမှာ ခင်ဗျား နာမည်ကို ထည့်ရေးပေးမယ်...သူစိမ်းတွေက
မေးတဲ့အခါ ... ခင်ဗျားက ကျွန်တော့် အမျိုးသားဖြစ်ကြောင်း ပြောပြပေးမယ်။ခင်ဗျား အဘိုးကြီးဖြစ်သွားတဲ့အခါ
ခင်ဗျား ရဲ့ ဘေး တုတ်ကောက် ဖြစ်ပေးမယ်... သွားတွေ ကျိုးလို့ မဝါးနိုင်တော့တဲ့အခါ ခင်ဗျားအတွက် ထမင်းပျော့ပျော့လေးတွေ ချက်ကျွေးမယ့်သူက ကျွန်တော် ဖြစ်ချင်တယ်။ ကျွန်တော်ထင်တယ် ခင်ဗျားက ဆံပင်ဖြူနေရင်တော့ ချောနေဦးမှာပဲ"

Black Memory(U+Z)(Completed )Where stories live. Discover now