Part-17

14.6K 1K 12
                                    

Unicode

"ရော့ ဒီမှာ နင်ကြိုက်တဲ့ ယိုးဒယားသဘောၤသီးထောင်း။ ဟော့ဒေါ့ ။ မာလာဟင်း။ မှိုပေါင်း။ ပြီးတော့ ဒါက ဘာတွေလဲမသိဘူး နင့်ဟာနင် ကြည့်တော့ လက်တွေနာနေသေးလား ဆေးလည်း ပါတယ် လိမ်းထားနော်"

ခေါင်လေးသည် နွေးရှေ့သို့ မုန့်တွေ တစ်မျိူးပြီးတစ်မျိူးချပေးရင်း စကားတွေပြောနေခဲ့ပေမယ့် နွေးကိုရော နှိုင်းကိုရော
မျက်လုံးချင်းဆုံအောင် မကြည့်ခဲ့ပေ။

"ငါ ပင်းပမ်းလာလို့ နားလိုက်ဦးမယ်။
က်ိုသုတ Barဖွင့် တော့မယ့်ဆိုရင် ကျွန်တော့်ကိုလာနှိုးနော်"

ပြုံးနေပေမယ့် မျက်နှားဖုံးခွာချလိုက်ရင် ငိုနေသည့်လူလို ဘာမှမဖြစ်သလို စကားတွေပြောပြီး ရှောင်ထွက်သွားသည့် ခေါင်လေးကြောင့် နွေးရော နှိုင်းရော တစ်ယောက်ကို
တစ်ယောက်ကြည့်မိကာ သက်ပြင်းပြိုင်တူချမိကြလေသည်။

"ကိုယ် စကားပြောကြည့်လိုက်ဦးမယ်"

နှိုင်း က တွေးဆဆလေးပြောတော့ နွေးက ခေါင်းညိမ့်ပြ၏။ ခြေတုံချတုံ ဖြင့် အပေါ်တတ်သွားသော နှိုင်းကိုကြည့်ရင်း
ခေါင်လေးနဲ့နှိုင်းတို့ အဆင်ပြေသွားကြရင် ကောင်းသား လို့ သူမတွေးမိပြန်၏။ နှိုင်းက လူကြီးစိတ်လေးနဲ့အနေအေးသူမို့ ခေါင်လေးလို ငဆိုးလေးကို သည်းညည်းခံပြီး
ထိန်းနိုင်မည်ထင်၏။

နွေးသည် စားပွဲပေါ်က မုန့်တွေကိုတစ်ဖန် ပြန်ကြည့်ရင်း သက်မချမိပြန်ပါသည် ။ ငါ့ကြောင့်နဲ့တော့ ဘာမဟုတ်တာမှ
မလုပ်လိုက်ပါနဲ့ဟာ ။ ငါအဆင်ပြေတယ် ခေါင်လေးရယ်။

နှိုင်းသည် လှေကားထစ်များကို တတ်ပြီးနောက် အခန်းရှေ့မှာ ရပ်နေမိသေး၏။ ဝင်သွားပြီးရင် သူဘာပြောရမည်မသ်ိ
ပေ။ ပြန်မလာခင်ကတော့ စိတ်တွေပူပြီး ဖြစ်ချင်ရာဖြစ် အကုန်ဖွင့်အံ့ပြီး ပြောပြလိုက်ချင်သည်။ အခုတော့ဖြင့် တစ်ကိုယ်လုံးပင်
တုန်လို့ ကြောက်နေမိ၏။ အချစ်ဆိုတာ
ဒီလိုပဲ ထိန်းချုပ်ရခက်သလားလေ။

ထို့နောက် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာပင် ချကာ ကိုယ့်ကိုယ် ကို အားပေးလိုက်ပြီး အခန်းတံခါး အား အသာအယာဆွဲဖွင့်လိုက်၏။ အထဲရောက်တော့ တစ်စုံတစ်ရာ ပြောဖို့
နှုတ်ဟမိပေမယ့် ကုတင်ပေါ်မှာ နဖူးပေါ်လက်တင်ပြီးငြိမ်သက် နေတဲ့ကောင်လေးကြောင့်... သူဘာကိုမှ မပြောဖြစ်တော့ပဲ
ကုတင်းအနားသို့တိုးကပ်သွားလိုက်ပါ
သည်။

Black Memory(U+Z)(Completed )Where stories live. Discover now