Part-35

14.5K 937 25
                                    

Unicode

"ဆရာ ဗိုလ်ကြီးတစ်ယောက်က တွေ့ချင်လို့ပါတဲ့"

"ကောင်းပြီ ဝင်ခွင့်ပေးလိုက်"

ခြံစောင့်ကောင်လေးကို ပြောပြီးသည်နှင့် အငြိမ်းစားဗိုလ်ကြီး သည် သိမ်းဆည်းထားတာကြာပြီဖြစ်သော ဖိုင်တွဲတစ်ခုကို
ဘီရိုထဲမှ ထုတ်ယူလိုက်ပြီး ဧည့်ခန်းထဲသို့
ထွက်လာခဲ့ပါ၏။ ထို့စဉ် ဧည့်ခန်းထဲ ရောက်နှင့်နေပြီ ဖြစ်သော ရဲဗ်ိုလ်လေးက သူ့ကို အလေးပြုလေသည်။

"ထိုင်!"

ရဲဗိုလ်လေး ပြန်ထိုင်သွားပါလျှင် အငြိမ်းစားဗိုလ်ကြီးမှ ဖိုင်တွဲကို စာပွဲပေါ်တင်လိုက်ပြီး..

"မင်း Chess(စစ်တုရင်)ကစားတတ်လား"

"ဟုတ်ကဲ့ ကစားတတ်ပါတယ်"

"တစ်ပွဲလောက် စမ်းကြည့်မလား"

ဒါက သူဘယ်လောက်လုပ်ရည်ကိုရည်ရှိသည်ကို စမ်းသပ်လိုခြင်းဖြစ်သည်ကို ရဲဗိုလ်လေးမှ သဘောပေါက်စွာ ခပ်ပြုံးပြုံး ဆိုလာသော အငြိမ်းစားဗိုလ်ကြီး အားတစ်ဖန်ပြန်ပြုံးပြလိုက်ပြီး ခေါင်းညိမ့်လိုက်ပါ၏။ သို့နှင့်
စစ်တုရင် ခုံရှေ့မှာ နှစ်ယောက်သား စစ်ပွဲစဖို့ ပြင်ဆင် လိုက်ကြပါသည်။

"ဘာကြောင့် ပြီးခဲ့ပြီးသားတွေသိချင်တာလဲ"

နယ်ရုပ်လေးတစ်ရုပ်ကို စတင်ရွှေ့ရင်း ဗိုလ်ကြီးကမေးပါလျှင် သူ လည်း နယ်ရုပ်တစ်ခုကို ပြန်ရွှေ့ပေးရင်း မျက်နှာချင်းဆိုင်
တေ့ပေးလိုက်ပါ၏။

"ကျွန်တော် ရောက်ရောက်ချင်းမှာပဲ အရင်ကအမူ့တွေကို နဲနဲပြန်စစ်ကြည့်လိုက်တော့ စိတ်ဝင်စားဖို့်ကောင်းတဲ့အရာ တွေ့လိုက်ရတယ် ။အဲ့ဒီတုန်းက ဖြစ်ပွားခဲ့တဲ့အမူကို
လိုက်တဲ့ စုံထောက်ကြီး အငြိမ်းစာယူသွားပြီး နောက်ပိုင်း အမူကဘာမှမသိ ညာမှန်းမသိ ပိတ်သွားတယ်ဆို"

မိုးမြင့်အောင်ရဲ့လူသတ်မူမှာ မျက်မြင်သက်သေက ဘုန်းထွဋ်ခေါင်လျှံ ဖြစ်နေပြီး..ခေဆက်ဟေး မီးရှို့ခံရတဲ့ Caseမှာတော့ ဘုန်းထွဋ်ခေါင်လျှံ က သံသယရှိခံရသူ
အဖြစ်ပါဝင်နေသေးသည်။ ဒီအကြောင်း အရာ နှစ်ခုသည်လုံးဝဆက်နွယ်နေလိမ့်မည်ဟု သူတွေးနေမိ၏။ နောက်ပြီး
ဘုန်းထွဋ်ခေါင်လျှံ ကလည်း အဲ့ဒီနောက်ပိုင်း လုံးဝကြီးကို အစရှာမရပဲ ပျောက်ချက်သားတွေ ကောင်းနေခဲ့ပါသည်။ နှစ်ကာလကြာရှည်အောင်ပေါင်းသင်းခဲ့ရသည့်
သူငယ်ချင်းဖြစ်သည့်တိုင် အဲ့လောက်ထိရက်ရက်စက်စက် လူသတ်လိမ့်မည်ဟုတော့ သူမထင်ပေ။မထင်ဘူးဆိုသည်ထက်..မထင်ချင်တာပင်။သံသယကို.. မထားချင်တာဖြစ်၏။

Black Memory(U+Z)(Completed )Where stories live. Discover now