Part-44

14.1K 1K 38
                                    

Unicode

တောင်းတန်ပြာတွေ က သစ်ရိပ်လေးတွေဖုံးတော့ စိမ်းလန်းလို့နေသည်။ သစ်ရိပ် ဝါးရိပ်ကအေးမြသလို မိမိမြေ ဟူသည်က စိတ်နှလုံးကိုအေးချမ်းစေသည်။ လမ်းမကြီးတွေကို ကျော်ဖြတ်ရင်း တစ်ချိန်က လူရှုပ်လူပွေ
လုပ်ပြီး ဆိုးသွမ်းခဲ့သမျှကို သတိရမိပါသည်။ လားရှိုးမြို့ကြီးရဲ့ လမ်းမပေါ်မှာ
ဘုန်းထွဋ်ခေါင်လျှံတို့ ခြေရာတွေ
ထပ်နေခဲ့ဖူး၏။ သူငယ်ချင်းတွေနှင့် အဆောင်မှာနေ၍ သောင်းကျန်းရသည်က ဘယ်တော့မှ မေ့လို့မရတဲ့ အမှတ်တရတွေလိုပင်။ ကျွန်တော်သူငယ်ချင်တွေရော
နေကောင်းကြရဲ့လား.... ။

"ဘာတွေ တွေးနေတာလဲ"

နှိုင်းက တိုးတိုးလေး မေးလျှင် သူ ခေါင်ရမ်းပြမိကာ ပြုံး ပြလိုက်မိ၏။ နွေး လည်း သူ့ဘဝနဲ့သူ အဆင်ပြေ နေလောက်မှာပါ။

"ငါ ဘယ်ကိုမောင်းရမှာလဲ!"

မိုးဇေက မေးလျှင် ...ခေါင်လေးက နှိုင်းကို ပြန်မေးလေသည်။

"နှိုင်း အိမ် ပြန်ချင်လားဟင်"

"အင် "

"ဒါဆိုနှိုင်း အိမ်ပဲ သွားရအောင်!"

သို့နှင့် မိုးဇေသည် နှိုင်းရဲ့ နှစ်ထပ်တိုက်အိမ်ကြီးဆီသို့ မောင်း လိုက်ပါတော့၏။ ပိုင်ရှင် မရှိ၍လားမသိ အိမ်လေးကတော့ သိသိသာသာ တိတ်ဆိတ်လို့နေလေသည်။

"အကိုလေး... ပြန်လာပြီ"

ခြံစောင့် ကြီးမှာ ဝမ်းသာအားရဖြင့် တံခါးဖွင့်ပေး၍ ကားနောက်သို့ ပြေးလိုက်လာပါ၏။ အိမ်ရှေ့ ဆင်ဝင်အောက်တွင် ကားရပ်လိုက်ချိန်၌ အမျိုးသမီး အလုပ်သမားတစ်ဦး
ပြေးထွက်လာကာ...နှိုင်း ကိုမြင်လျှင်..

"အ...အကိုလေး...ပြန်လာပြီလား....ကိုဘိုဘိုရောဟင်"

နှိုင်းပုံစံလေးက ရှင်းသန့် ကြည်လင်နေသည်မို့ သူမ အံ့သြ သွားပုံရပါသည်။ တစ်နေ့တစ်နေ့ အရက်မသောက်ရ မနေနိုင်သော
ညှင်သိုးသိုး လူကလေး မဟုတ်တော့၍
ထင်၏။

"ကိုဘိုဘို... ဘယ်တော့မှ ပြန်လာမှာမဟုတ်တော့ဘူး။ သူ ထွက်သွားပြီ...အဝေးကြီးကို "

Black Memory(U+Z)(Completed )Where stories live. Discover now