Part-4

22.1K 1.4K 11
                                    

Unicode

လူတစ်ယောက်နဲ့တစ်ယောက်ကြား ဘယ်လောက်ပဲခင်မင်ရင်းနှီးပါစေ သူတို့ရဲ့ သံယောဇဉ် တွေစစ်မှန်မူ ရှိမရှိစမ်းသပ်ဖို့ ကံကြမ္မာက တစ်ကြိမ်တစ်ခါတော့ ဖန်တီးပေးလေ့ရှိတယ်။စမ်းသပ်စစ်ဆေးမူအောင်မြင်တဲ့သူတွေ ရှိသလို ကျရှုံးတဲ့သူတွေဟာလည်း
မနဲမနောပါပဲ။ ယခုအချိန်မှာတော့ ကံကြမ္မာ
ဟာခေါင်လေးနဲ့ နွေးရဲ့ သံယောဇဉ် ကို မျက်စောင်းထိုးလို့ နေပါတယ်။

Music သံကြား မြူတူးပျော်ပါးနေတဲ့လူတွေ။ ကခုန်နေသောက်စားနေကြတဲ့ သူငယ်ချင်းတွေကိုငေးရင်း ခေါင်လေး
သည် ဘီယာတွေကို တစ်ပုလင်းပြီး
တစ်ပုလင်း ဆက်တိုက်မော့ နေ၏။ ပူပူလောင်လောင်နဲ့ ရင်ထဲက ခံစားချက်ကြီးက နားလည်ရခက်စွာရှိနေပါသည်။

"ကိုဘုန်း ကျွန်တော်တို့ သောက်ဖို့လည်း ချန်ဦးလေဗျာ"

"ကုန်ရင်ထပ်မှာလေ....-ိ လား "

စိတ်မကြည်တာကြောင့် စကားတွေဟာမချိုသာနိုင်တော့ပေ။ စိုင်မင်းကိုက ခေါင်လေးနဲ့နွေး ပြဿနာ တတ်သည်ကို
အကြမ်း ဖျင်း သိထားတာကြောင့် အတူပါလာသည့် ကောင်လေးအားစိတ်လျှော့ရန်ပြောပြီး ဘီယာတွေထပ်မှာ၏။ သေချာသည် ဒီညတော့ တစ်ဆောင်လုံး ခွေလိုဝက်လို မမူးမချင်းပြန်မည့် ပုံမပေါ်ကြပေ။

မျက်စိရှုပ် နားရှုပ်ဖြစ်လာသည်မို့ NT Bar၏ အပေါ်ထပ်သို့တတ်ကာ လေညှင်းခံဖို့ ထွက်ခဲ့လိုက်သည်။ခေါင်းမိုးထပ်တွင် စားပွဲဝိုင်းလေးတွေရှိပြီး မီးလုံးလေးတွေကို မှိန်ဖျော့ဖျော့သာထွန်းထားလျက် ည၏ အရသာကို ကောင်းမွန်းစွာခံစားလို့ ရအောင်ဖန်တီးထား၏။ သူတို့ကို လာခဲ့ဖို့ခေါ်ထားသော
ကိုနှိုင်းသုတလျှံသည် ယခုချိန်ထိ အရိပ်အရောင်မတွေ့ရကာ ဘယ်ဆီရောက်နေသည်မသိ။

တဖြူးဖြူးတိုက်ခတ်တဲ့လေတွေဟာ alcohol စွမ်းအားကို မြင့်တင်ပေးသည်မို့ သူ ခေါင်းတွေ ချာချာလည်လာသည်။

....

"ခေါင်လေးရေ ဗိုက်ဆာနေပြီလား "

အိမ်မှာ လူကြီးတွေ မရှိတဲ့နေ့ဆို သူ ထမင်း မစားရမှန်း သိလို့ ချိုင့်ကြီး ဆွဲလာတတ်တဲ့ သူမ။ သရဲကြောက်တတ်သော သူ့ကို အိပ်ခါနီးတိုင်း သရဲပုံတွေ ပို့တတ်တဲ့သူမ။

Black Memory(U+Z)(Completed )Where stories live. Discover now