Part-50

12.7K 929 53
                                    

Unicode

"ဖေဖေနဲ့မေမေ.. ကျွန်တော်က မွေးရကျပ်မနပ်ဘူးနော်။ ဒါပေမယ့်....ခွင့်လွှတ်တယ်
မလားဟင် ...ခွင့်လွှတ်ပေးနော် သား ကန်တော့ပြီး တောင်းပန်ပါတယ် "

နှိုင်း မျက်ရည်မကျမိတော့ဘူးထင်သည်။ ကိုဘိုဘိုလည်း သေသွားခဲ့ပြီမဟုတ်လား။ အငြိုးအတေး အမုန်းဆိုတာ ပူဆွေးသောက များရတာပါပဲ။အေးချမ်းမူလည်း မရှိဘူးလေ။ အရာအားလုံးကို ပြည်ဖုံးကားချဖို့ပဲ ကြိုးစားရတော့မှာပေါ့။

ဖေဖေနဲ့မေမေအုပ်ဂူရှေ့ လက်ဆယ်ဖျာထိပ်မှာမိုး ရှိခိုးဦးချကန်တော့ တော့ မောင်ကလည်း ရပ်ကြည့်နေရာမှ ဘေးနာရောက်လာကာ ကန်တော့လေရဲ့။ သိတတ်လိုက်တာ။
အတွေးကောင်းတို့မဆုံးခင်... မောင်က အသံကျယ်ကျယ် ဖြင့်....

"ကျွန်တော့်ကိုလည်း အဖေနဲ့အမေရဲ့သား ဖြစ်ခွင့်ပေးပါ"

နှိုင်း ကြားအောင်တမင်ရည်ရွယ် ဆုတောင်းလိုက်သော စကား ဖြစ်မည်။ မောင်တို့အိမ်ပြန်မည်ဟုထွက်လာကြသော်လည်း ဖေဖေနဲ့မေမေက်ို သတိရမိတာကြောင့် င်္သချိုင်း
မြေပုံဆီ အရင်ဝင်ခဲ့ကြတာဖြစ်သည်။

"ကျွန်တော် ဆက်ပြီး ရှိသမျှအချစ်တွေ ပုံအောပေးမှာမလို့ အချစ်ငတ်မှာလည်း မပူပါနဲ့။ ဂေးနေပေမယ့် ကျားကိုးစီး ဆင်ကိုးစီးအားထက်သာတဲ့ ခွန်အားရှိတာမလို့
ဘယ်လို အန္တရာယ် မျိုးမဆို ကာကွယ်ပေးနိုင်ပါတယ်။အဲ့ဒါကြောင့်... နှိုင်း ကို ကျွန်တော့်လက်ထဲ စိတ်ချလက်ချ အပ်လိုက်ပါ.... မင်္ဂလာ ဆောင်ဖြစ်ရင်... အုန်းပွဲ ငှက်ပျောပွဲနဲ့ လာကန်တော့ပါ့မယ်"

"ဘာတွေလျှောက်ပြောနေတာတုန်း....ဖေနဲ့မေ...ခွင့်လွှတ်ပါ... ဒီကောင်လေးက အရိုင်းအစိုင်းလေးမို့ပါ။သားတို့ သွားတော့မယ်နော်....ထ...ထ... လျှောက်ပြော
မနေနဲ့"

နှိုင်း မျက်နှာပူလှချည်ရဲ့။ သက်ရှိထင်ရှာ မရှိကြတော့ဘူး ဆိုပေမယ့်...တမလွန် ရောက်ရာဘဝကနေ ကြည့်နေရင် ဘယ်လိုလုပ်မလဲ။ နှိုင်း ဆွဲခေါ်သည့်တိုင်... မောင်က
ယက်ကန်ယက်ကန် လုပ်နေ၏။

"နေဦးလေ...ပြောလို့မပြီးသေးဘူး"

"မင်းအိမ်ရောက်ရင်လည်း ငါလည်း အဲ့လိုပြောမှာ... "

Black Memory(U+Z)(Completed )Where stories live. Discover now