Part-23

13.7K 977 21
                                    

Unicode

"မသွားရင် အဖွားလိုက်လာမှာတဲ့"

နှိုင်း သက်ပြင်းလေးချကာ စိတ်မကောင်းစွာ ဖြင့် ခေါင်လေးကိုကြည့်မိစဉ် သူ့မျက်နှာလေးကပါ ဆူပုတ်လို့နေသည်ကို  သတိထားမိလိုက်ပါသည်။ မောင်က စာမေးပွဲဖြေပြီးရင် ပြန်ရတော့မှာဆိုတော့ သူတို့တွေ့ရဖို့်ရက်က လက်ချိုးရေတွက်လို့ပင်ရနေ၏။
ဒီလောက်ရက်တိုတိုလေးကို မန္တလေး မှာအချိန်မကုန်ဆုံးချင်ပါ။

"နောက်တစ်ပတ်လောက်မှ လာခဲ့မယ်လို့ ပြောလိုက်ကွာ"

"အဲ့ဒါ ကိုနှိုင်းဘာသာ ပြောလေ။ ကျွန်တော် မပြောရဲဘူး။ တော်ကြာ ကျွန်တော်ပါ ဘာမှန်းမသိဆွဲထည့်ခံနေရမယ်"

လမင်းက ပုခုံးလေးတွန့်ပြီးပြောတော့ ခေါင်လေးကနှိုင်းကို ပေစောင်းစောင်း ကြည့်လာ၏။

"ဒါဖြင့် ခင်ဗျားသွားရင် ကျွန်တော်စားဖို့ ဘယ်သူလုပ်ပေးမှာလဲ"

"မင်းဟာမင်း လုပ်စားလေ။ အရင်ကတော့ တွေ့ကရာ စားနေပြီးတော့ အခုမှ ဘဝမေ့သလိုလုပ်နေတယ်"

လမင်း က ထို့သိုဝင်ပြောလျှင်..

"လမင်း မင်း ခုတလော ငါ့ကို ဂျေကိုက်နေတာများပြီနော်"

"မင်းတို့နှစ်ကောင် ရန်ဖြစ်ဖို့လမ်းစ မရှာကြစမ်းနဲ့။ ကိုနှိုင်း မျက်နှာလည်းကြည့်ကြဦး"

စိုင်းမင်းကို ပြောမှ နှစ်ယောက်လုံး လက်သီးတရွယ်ရွယ်နှင့် အသံတိတ်သွားကြလေသည်။ နှိုင်းကတော့ လေးလေးလံလံ
ပင့်သက်ရှိုက်လိုက်ပြီး....

"ငါမကြာလောက်ပါဘူး တစ်ရက်ပဲသွားမှာပါ"

"ဒါဖြင့် ငဘုန်း မင်းလိုက်သွားလေ"

"ငါ သွားရင် နွေး တစ်ယောက်တည်းကျန်ခဲ့မှာပေါ့"

နှိုင်း နှင့် စိုင်းမင်းကိုသာမက ကျန်တဲ့သူတွေအကုန်လုံးရဲ့အကြည့်တွေဟာခေါင်လေးဆီသို့ရောက်လာပါ၏။တကယ်ဆို သူတို့ထင်မြင်ထားတာက စာမေးပွဲရှိတယ် လိုက်လို့
မရဘူး သို့တည်းမဟုတ် ခင်ဗျား အမျ်ိုးတွေနဲ့ မတွေ့ရဲဘူး ထို့သို ပြောလာလိမ့်မည်ဟုသာ။ယခုတော့ အထင်နဲ့အမြင် ကွာခြား လွန်းနေသဖြင့် အားလုံးမှာ ပါးစပ်အဟောင်းသား
ဖြစ်နေရပါ၏။

Black Memory(U+Z)(Completed )Opowieści tętniące życiem. Odkryj je teraz