Part-16

14K 1K 11
                                    

Unicode

မိမိအိပ်ယာမဟုတ်သည့် ရင်နှီးမူမရှိသော နေရာကြောင့် နိုးနိုးချင်းပင် ထထိုင်မိပြီး အခန်းအားစပ်စုမိ၏။ ဘယ်သူမှ
မရှိသော အခန်းကျဉ်းကြောင့် ဆက်ဟေး သူမကို ပြန်မိသွားတာလားလို့ တွေးမိစဉ် ကြောက်စိတ်တွေ လွှမ်းမိုးလာလျက်
ကိုယ်လေးကြုံ့မိသွားပြီး အခန်းထဲ မှအပြင်သို့ ပြေးထွက်လိုက်ပါသည်။

"ဟင်...ဒီနေရာက!!"

NT Bar ဟူသော ဆိုင်းဘုတ်မြင်မှ ထွက်ပြေးဖို့ဟန်ပြင်နေသော သူမခြေလှမ်းတွေ ရပ်တန့်သွားပြိီး ခြံကြီးကို ဟိုဘက်သည်ဘက်ကြည့်လိုက်မိသည်။ ဆိုင်ကယ် standတွင်
ရပ်ထားသော ခေါင်လေးဆိုင်းကယ်ကို မြင်သည့်အခါ သူမ စိတ်လုံးလုံးလျော့လျက် ထိုင်ချမိသွားလေသည်။

နောက်ဆုံး တော့လည်း ငါ့ကို ဂရုစိုက်တာ နင်တစ်ယောက်ပဲ ရှိတာပါလား။

"ကိုသုတ ကျွန်တော်နိုင်တယ်နော် "

"ဟားဟား...ငါတမင် အလျော့ပေးလိုက်တာပါကွာ"

"မဖြစ်နိုင်တာတွေ ။ ကျွန်တော့်ခြေလှမ်းက ခင်ဗျားခြေလှမ်းထက် ပိုကြီးတယ်။ ဒီမှာကြည့်"

ခေါင်လေးက တမင်ပင် သူ့ခြေတံရှည်ကို ခပ်ကျဲကျဲ လှမ်းကာပြောလေသည်။ နှိုင်းသည် ခေါင်လေး လှမ်းသွားသည့် ခြေရာ
ကို မှတ်သားကာ။

"ငါ လှမ်းပြမယ့် ကြည့်ထား"

နှိုင်းသည် အရှိန်းယူကာ ခေါင်လေးခြေရာပေါ်တည့်တည့် ရောက်အောင် ခုန်လိုက်ပြီး..

"တွေ့လား မင်းနဲ့ငါ တူတူပဲ"

"ခင်ဗျား အကျင့်မယုတ်နဲ့ ။ ပုံမှန်လှမ်းလေ မခုန်နဲ့"

"အဲ့ဒါပုံမှန်ပဲလေ"

တစ်ယောက်ကိုတစ်ယောက် စနောက်ရင်း ငြင်းခုံနေ ကြသော ကောင်လေး နှစ်ယောက် ရဲ့ ပုံစံဟာ ပကတိအေးချမ်းလွန်းပါသည်။နွေးသည် မရည်ရွယ် ပါပဲ ငေးကြည့်မိရင်း နှုတ်ခမ်းတို့ အလိုလို ပြုံးမိသွားရ၏။

"နွေး နိုးနေပြီလား"

သူမ ကြည့်နေတာကို မြင်သွားပြီး နှိုင်းနဲ့ ခေါင်လေးက သူမအနားသို့ လျှောက်လာလေသည်။

Black Memory(U+Z)(Completed )जहाँ कहानियाँ रहती हैं। अभी खोजें