Part-32

13.9K 972 31
                                    

Uincode

လွန်ခဲ့သော သုံးနှစ် အတိတ်ကာလတစ်ခုဆီ...

ရဲဇော် ဖုန်းဆက်ခေါ်သဖြင့် ခေါင်လေး ရဲဇော်အိမ်သို့ ရောက်သွားခြင်း။

"ဘာလဲကွာ.. ငါ ပေးထားတဲ့ကတိ ငါဘယ်တော့မှ မဖျက်ဘူး "

ခေါင်လေးစိတ်တွေဘာဖြစ်နေသည်မသိ တစ်စုံတစ်ယောက် ကို ထိကိုင်ဖို့ ရွံရှာခြင်း အဆင့်သို့ ရောက်ရှိနေလေသည်။
ဆက်ဟေးကို လုပ်မိလို့ ဂယောင်ခြောက်ခြား ဖြစ်နေသလား မတွေးတတ်ပေ။

"ဆက်ဟေးနဲ့ စိုင်လျန်ကို လောပန်းရဲ့လူတွေလိုက်ရှာနေတယ်"

"အဲ့ဒါ ငါနဲ့ဘာဆိုင်လဲ"

မဆီမဆိုင် စကားမို့ သူ စိတ်ရှုပ်မိ၏။ တစ်ကိုယ်လုံး အားအင်မရှိသလိုဖြစ်နေလျက်အေအေးဆေးဆေး သာ အနားယူချင်နေပါသည်။

"မိုးဇေ မနေ့ညက ပြင်ဦးလွင် ဂိတ်မှာ ဖမ်းခံရတယ်လို့ သတင်းရထားတယ်။အဲ့ဒါနဲ့ လောပန်းက ဆက်ဟေး သူ့ညီကြောင့် မိုးဇေနဲ့အတူတူ မလိုက်သွားဘူးဆိုတာ
သိသွားပြီး ဆက်ဟေးညီကိုသတ်ပြီး ဆက်ဟေးကို ပြန်ခေါ်လာခဲ့ဖို့ မှာလိုက်တယ်တဲ့"

"ဘာ! "

ခေါင်လေး အလန့်တကြားအော်မိ၏။ ဆက်ဟေး သူ့ညီကို ဘယ်လောက်ချစ်လဲ သူမျက်မြင်တွေ့ခဲ့ရပြီးပြီ။ သူ့ညီကို
အသေခံပြီး လောပန်းဆီ ကိုယ်လွှတ်ရုန်းထွက်သွား မည့်သူမဟုတ်ပေ။

"မင်းက ဒီအကြောင်းတွေဘယ်လိုသိတာလဲ!"

"နေရာတိုင်းမှာ ငါ့လူတွေရှိတယ်။ ရဲဇော်တို့ ဒီလောကထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆရာတစ်ဆူဖြစ်နေတာ ပေါ့သေးသေး တော့မဟုတ်ဘူး"

ခေါင်လေး သည် မျက်နှာကြောတွေ တင်းနေလျက် ရဲဇော်ကို အပိုတွေဆိုရန်ကော ဟူသည့်အကြည့်ဖြင့် ကြည့်ကာ....

"မင်းရဲ့ ကလိမ်ကကျစ် ဉာဏ်ကိုအသာထား။ အခုဆက်ဟေး တို့က ဘယ်မှာလဲ!"

"ငါမသိဘူး! "

"ဘာ မင်းက! "

"မင်း မနေ့ညက ငါ့လူတွေခေါ်သွားတယ်လေ တစ်ယောက်မှ ပြန်ရောက်မလာဘူး ။ အဲ့တော့ ငါဘာမှမသိရဘူး ။ မင်းကိုဒီခေါ်တာလဲ အဲ့ဒါကြောင့်ပဲ။အခုအခြေအနေမှာ
ဆက်ဟေး က လောပန်းလူတွေကို ဘယ်လိုမှယှဉ်နိုင်မှာ မဟုတ်ဘူး"

Black Memory(U+Z)(Completed )Where stories live. Discover now