Part-31

13.8K 946 8
                                    

Unicode

"Hay! What...
what're you doing?"

ပစ်ချက်လွဲသွားသဖြင့် တစ်ဖက်စနိုက်ပါ သမားကခေါင်လေးကို အော်ပြီးနောက် နှိုင်းကို အသေပစ်ဖို့ရွယ်လိုက်၏။

"မပစ်နဲ့... No! Don't shoot.
That my man.......No....
My man.. you know.. He's mine!! "

မပစ်ပါနဲ့ ကျွန်တော့်ရဲ့လူပါ ။ သူ ကျွန်တော့်ရှေ့မှာ သေသွားလို့မဖြစ်ဘူးလေ။ ကျွန်တော်ရှိနေရက်နဲ့ သူ ဒီကမ္ဘာလောကကြီးထဲက ထွက်သွားလို့မရဘူး။ ကျွန်တော် ခွင့်မပြုဘူး။ ကျွန်တော်ကကောင်းတဲ့သူ တစ်ယောက်မဟုတ်ဘူးဆိုတာ သိပေမယ့် ..ကျွန်တော့်ပယောဂကြောင့် ခင်ဗျားကိုတော့.. ။
တားမှဖြစ်မယ်...တားရမယ်။

"My Man!Don't shoot"

ခေါင်လေးသည် အလျင်အမြန်ပင် လက်တကာကာ ခြေတကာကာဖြင့် တားပြီး ထိုလူကြောင်ကြည့်နေစဉ်အတွင်း မှာပဲ အဆောက်အဦးမြင့်ပေါ်ကနေ သေနတ်မှန်၍ လှဲကျသွားသော နှိုင်းရှိရာဆီသို့ ပြေးဆင်းသွားလေသည်။ မဖြစ်ရဘူး ခင်ဗျား ကျွန်တော်ရှိရက်နဲ့ သေလို့မရဘူး။

ဘိန်းတွေတင်လာသောကားကို ပစ္စည်း လုတဲ့အဖွဲ့က မောင်းနှင်သွားပြီး အသက်ရှင်လျက်ကျန်ရှိနေသူတွေကို စနိုက်ပါသမားက ဆက်တိုက်ပစ်နေ၏။ဒုစရိုက်သမားတွေမှာ
လည်း စည်းမျဉ်း စည်းကမ်းဆိုတာ ရှိပြီးသားပင်။ အငြိုးအတေး ဘာတစ်ခုကိုမှ လက်ကမ်းကြိုဆိုဖို့ အစီအစဉ်မရှိသဖြင့် သတ်ပြီဆိုလျှင် တစ်ယောက်လေးတောင် အသက်ရှင်ခွင့်မပြုသလို အစအနလေးတောင်မကျန် အကုန် ရှင်းရပါသည်။

ခေါင်လေးသည် နှိုင်းအား ဓားဖြင့် ရွယ်လျက် သတ်ရန်ကြံရွယ် နေသော လူကို အနောက်မှ ဆောင့်ကန်ပြစ်လိုက်ပြီး သူ့အား အံ့သြမှင်​သက်​စွာ ကြည့်နေသည့်နှိုင်းရှေ့ မှကာ
လိုက်၏။ ထို့နောက် အိတ်ကပ်ထဲထည့်ထားသည့် ပစ်စတို ကို ထုတ်ကာ ...

"ရှေ့တိုးမလာနဲ့ မင်းတို့ ပစ္စည်း တွေယူပြီး ပြန်လိုက်တော့။ ဒီလူအတွက် ငါတာဝန်ယူတယ် ။ဘာပြသာနာမှမဖြစ်စေရဘူး"

"What?"

"Don't touch my man. Get out"

အဖွဲ့သားတွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက်ဘာတွေပြောနေကြမှန်းမသိ ။ထို့နောက် နှိုင်းကားကိုပါ မောင်းလျက် ထွက်သွားကြပါ၏။ ခေါင်လေးသည် ထိုအခါမှ အသက်ကောင်းကောင်းရှူနိုင်သွားလျက် နှိုင်းဘက်သို့ လှည့်ကာ လက်လှမ်းပေးလိုက်ပါသည်။

Black Memory(U+Z)(Completed )Where stories live. Discover now