Part-5

19.3K 1.4K 11
                                    

Unicode

"ကျုပ်မသတ်ဘူး"

"ဟေ့..မင်းခုထိ ဝန်မခံသေးဘူးလား"

"ရော်...ခက်တာပဲ လူတစ်ယောက်သေနေလို့ သတင်းကပေးရသေးတယ်။ သတင်းပေးတဲ့လူကိုပဲ ခင်ဗျားတို့ကပြန်ဖမ်းတယ်။ ပြည်သူတွေများ ပြသာနာ တစ်ခုခုဖြစ်ပြီဟေ့ဆိုဝင်မပါရဲကြတော့တာ အဲ့ဒါတွေလည်းပါတယ်။ ခင်ဗျားတို့ရဲတွေတော်တော် စောက်သုံး မကျတာပဲ"

ရဲသား တစ်ဦးသည် ခေါင်လေးကို စစ်ဆေးနေရာမှ မျက်နှာကြီးဆယ်ဆအိုဇာသွားလျက် မခံချင်ဖြစ်သွားလေသည်။

"မင်း ငါတို့ကို မစော်ကားနဲ့ ငါတို့လည်း ငါတို့တာဝန် ကျေပွန်အောင်ထမ်းဆောင်နေရတာကွ"

"မဆိုင်လိုက်တာ။ တာဝန်ကျေပွန်ချင်ရင်
တကယ့် တရားခံအစစ်ကိုရှာလေ ကျုပ်လို ဘုမသိဘမသိ ကျောင်းသားကို
ခေါ်ထားရလား"

ခေါင်လေးလည်း ဒေါသထွက်ပြီး စိတ်မရှည်ဖြစ်လာ၏။ အမှန်တကယ်ဆို လမ်းဘေးမှာ လဲကျနေတာတွေ့လို့ ကူညီပေးခဲ့ရုံ
သာ။ အခုတော့ ပန်းခြံသွားပြီး မျက်စိအစာတောင်မကျွေးရဘဲ ရဲစခန်းမှာ အချိန်ဖြုန်းနေရသည်။

"မင်းက ကျောင်းသားလား။ဘယ်ကျောင်းကလည်း။ မင်းမိဘတွေခေါ်လိုက် "

ရဲသား မျက်ခွက်ကို မီးဝင်းဝင်းတောက်သည့်မျက်လုံးများဖြင့် ကြည့်ကာ ခုံကိုရှောမှီထိုင်နေရာမှ စားပွဲခုံပေါ်လက်လေး
ထောက်လိုက်၏။ထို့နောက် လေသံကိုတိုးတိုးလေးဖြင့် အံ့ကြိတ်သံထွက်စေလိုက်ပြီး....

"ဒီမှာ ကျုပ်မိဘတွေက ရွာမှာလယ်စိုက်နေတယ်။ ခင်ဗျား တို့ အားယားနေရင် သွားတွေ့လိုက် ။ကျုပ်ကလည်း စာမေးပွဲ
ဖြေရဦးမှာ၊ အားမနေဘူး"

"ဒါဖြင့်လည်း မင်းဒီည ရဲစခန်းမှာအိပ်ပေါ့ကွာ"

ရဲသားကြိီးကလည်း မလွယ်ပေ ။ခေါင်လေး စိတ်ညစ်သွားပြီး စိတ်ထဲက အကြိမ်ကြိမ်ဆဲဆိုကာ သက်မ ချလိုက်၏။

"မိဘတွေမဟုတ်ပဲ သူငယ်ချင်းလာရင်ရော
မရဘူးလား"

ခေါင်လေးအား အစီရင်ခံစားရေးနေရာမှ ရဲသားကြီးကမျက်လုံး လှန်ကြည့်လာ၏။ ထို့နောက် ခွင့်ပြုသင့် မပြုသင့်
စဉ်းစားဟန်ပြုလေသည်။

Black Memory(U+Z)(Completed )Where stories live. Discover now