Part-59

10.8K 929 55
                                    

Unicode

ခေါင်လေးတို့အိမ်သည် ခြံဝန်းကျယ်လျက် တစ်ထပ်တိုက် အိမ်ကြီးတစ်အိမ်ဖြစ်ကာ ဘေးတွင် ထရံသက်ကယ်မိုးဖြင့် အိမ်လေးတစ်လုံးရှိသေးသည်။ ထိုအိမ်၏ အရှေ့ဘက်မှာမှ ရေတွင်းရှိကာ ရေတွင်း၏ မျက်နှားချင်းဆိုင်တွင် စွယ်တော်ပင် ကြီးတစ်ပင်ရှိလျက်.. အပင်ကြီး၏ အောက်မှာ မှ စပယ်ရုံလေးတစ်ရုံရှိပါသည်။ စွယ်တော်ပင်နှင့် အုတ်တံတိုင်းသည် သိပ်မဝေးလှသည့် အကွာအဝေးရှိကာ
ထိုနှစ်ခုက်ို ဝါးလုံး တစ်လုံး တင်လျက် အဝတ်တန်း လုပ်ထားလေသည်။

နှိုင်းသည် မောင့် ကို စိတ်မချစွာဖြင့် စံပယ်ပင် အနားသို့ လျှောက်လာစဉ် အဝတ်တန်းလုပ်ထားသော ဝါးလုံး၏ အချွန်စူးစူးကို တိုက်မိလျက် လက်မောင်းအတွင်းသို့ စိုက်ဝင်သွားခြင်း ခံလိုက်ရလေတော့သည်။

"အာ..."

အသ်ိစိတ်မကပ်၍ ဘယ်ကဘယ်လိုဖြစ်သွားမှန်း ကိုယ့်ကိုယ်ကိုယ်မသိသော်လည်း နာကျင်မူကို အသံကျယ်ကျယ်မအော်ရဲပဲ ကြိတ်ခံလိုက်မိ၏။တော်ကြာ သူအော်လိုက်မှ မောင်အစိုးရိမ်လွန်ပြီး ပြေးလာ လျှင် လူကြီးတွေကို ပိုပြီးရှင်းပြရခက်နေလိမ့်မည်။

"ကိုနှိုင်း!!"

ထိုစဉ် ရဲဇော်က ခြံထဲသို့အပြေးရောက်ရှိလာပြီး လက်မောင်းမှသွေးတွေစီးလျက် ရှုံ့မဲ့နေသော နှိုင်းကိုမြင်လျှင် အလန့်တကြား အော်လိုက်ပါ၏။ သို့သော် နှိုင်းက လက်ညိုးလေး တစ်ထောင်ထောင်ဖြင့် မအော်ရန် သတိပေးလာသဖြင့်...

"ဘာတုန်း...ဘာတုန်း... သွေးတွေအများကြီး ထွက်နေတာကို!"

"တိုးတိုးပြောစမ်းပါ ရဲဇော်ရာ မောင် ကြားသွားလိမ့်မယ်"

ထိုအခါ ရဲဇော်က စိတ်ရှုပ်စွာ ခေါင်းကုပ်လိုက်၏။

"ဒီလောက်ဖြစ်နေတာကို သူက ဘယ်မှာလဲ"

"အထဲမှာ ဘကြီးတို့နဲ့စကားပြောနေတယ်ကွ။
ကြားသွားလို့မဖြစ်ဘူး... တိတ်တိတ်နေ"

ရဲဇော်နှင့်အတူ ပြေးလိုက်လာသော ခန့်ပိုင်သည် သွေးပေနေသည့် လက်ဖြင့် တရှူးရှူးလုပ်နေသည့် နှိုင်းကို ကြည့်ရင်းပင် မျက်မှောင်ကြီးကြုတ်လျက်
စိတ်မရှည် ဖြစ်လာတော့သည်။

Black Memory(U+Z)(Completed )Where stories live. Discover now