Part-13

15.4K 1.1K 8
                                    

Unicode

နွေရာသီမှာ စိန်ပန်းလေးတွေ မြေမှာကြွေသလိုပေါ့ ဆောင်းရာသီမှာတော့ ကျွန်တော့်နှလုံးသားဟာ နှိုင်းသုတလျှံရဲ့ ခြေတော်ရင်းမှ ကြွေကျဖို့ တောင်းဆိုနေကြတယ်။
ဒါဟာ မဖြစ်သင့်ဘူး။

မာနကြီးစွာသော ကျွန်တော်ဟာ နှလုံးသားကို လှောင်ပြောင်လိုက်တယ်။ လူတကာနဲ့ အိပ်စက်နေရတဲ့ဘဝမှာပဲပျော်စမ်းပါ... အချစ်စစ်ဆိုတာ တကယ်တော့ အရှင်လတ်
လတ် ကျဆင်းတဲ့ငရဲလိုပဲ ပူလောင်တယ်။ ဆီပူအိုးထဲ တိုးမဝင်ချင်စမ်းနဲ့။

သို့ပေမယ့် စိတ်ကူးနဲ့ လက်တွေ့ကတော့ဆန့်ကျင်စွာ။

.......

"ကိုသုတ ရည်းစားထားဖူးသလား"

မက်မန်းသီးတွေကို ဘူးထဲထည့်လိုက် သကြားတွေဖြူးလိုက် လုပ်နေသော နှိုင်းမှာ ခေါင်လေး စကားအား အာရုံမရပဲ
ရှိနေ၏။ ဒီလူတစ်ခုခု လုပ်ပြီဆို တစ်လောကလုံးများမေ့သွားတတ်တာလား။

သို့နှင့် ခေါင်လေးသည် နှိုင်းဆီသို့ ခြေသံဖွဖွလေးဖြင့်ဖြေးဖြေးချင်း ကပ်သွားလျက် စားပွဲလေးပေါ်လက်လေး နှစ်ဖက်ပိုက်ကာ တင်လို့ မိန့်မိန့်ကြီး ထိုင်ကြည့်နေလိုက်ပါသည်။ အနုပညာ မျက်စိဖြင့် ကြည့်ပါမည် ဆိုလျှင်တော့ နှိုင်းသုတလျှံ ဟာ တကယ်ကိုလှတာပါ။

မက်မန်းသီးတွေကြောင့် နီရဲနေတဲ့ လက်ချောင်သွယ်သွယ်လေးဟာ ကိုင်ကြည့်ချင်ဖွယ်ကောင်းသလို စိတ်ဝင်စားမူကြောင့် နှုတ်ခမ်းလေးတွေအလယ်မှာစုနေပုံကလည်း မျက်တောင်မခတ်စတမ်း ငေးချင်းဖွယ်ပင်။မျက်ခုံးလေးတွေဟာ ကြုံ့ထားသည်မဟုတ်သော်ငြား အနဲငယ်တွန့်နေသဖြင့် ပြေလျော့
သွားအောင် လက်ချောင်းလေးနဲ့ ထိပေးချင်စရာကောင်းသည်။ ထို့ပြင် လှုပ်ရှားမူတစ်ခုခြင်းစီတိုင်ဟာလည်း ညှင်ညှင်သာသာနဲ့ တိတိကျကျလေး ရှိနေ၏။ သူ ကောင်လေးတော်တော်များများနဲ့ တွဲဖူးပေမယ့် နှိုင်းလိုမျိူး ပြီးပြည့်စုံပြီး ချောလှတဲ့သူ
မတွေ့ဖူးပေ။

"ဒီ.....ဒီ..."

အချိန်ကောင်းတစ်ခုကို အမြဲတမ်းပျက်စီးစေတတ်တဲ့ ဖုန်းသံလေးပါပဲ။ နှိုင်းဟာ ဖုန်းသံကြောင့် သူ့ကိုမော့ကြည့်လာ၏။ သူကတော့ မျက်လုံးလေးတစ်ဖက်မှိတ်ပြကာ
ဖုန်းကိုင်ရင်း ရယ်ပြလိုက်သည်။ နှိုင်းဟာ မကျေနပ်သလိုမျက်ခုံးတွေပင့်ပြီး လက်သီးရွယ်ပြလိုက်ပေမယ့် ခေါင်းလေး
ဆီက ဖုန်းသံကိုတော့ နားစွင့်နေရှာပါ၏။သူ့ကောင်မလေးကများပြန်လာဖို့ ခေါ်နေသလား။ ရင်တွင်း စိတ္တဇတစ်ချို့က
သူ့အား ကြီးစိုးနေလေသည်။

Black Memory(U+Z)(Completed )Where stories live. Discover now