Part-18

14.2K 1K 10
                                    

Unicode

"နွေး ရယ် မလုပ်ပါနဲ့ဆို"

"ရပါတယ် ကိုနှိုင်းရဲ့ ဒီမှာ အလကားနေနေတာပဲဥစ္စာ ကူခွင့်ပေးနော်"

ပန်းကန်တွေကို သူမကိုယ်တိုင် ဝင်ဆေးနေသဖြင့် နှိုင်းတားနေရခြင်း ဖြစ်ပါ၏။သူငယ်ချင်းတွေကို သူမအကြောင်း
မသိစေချင်လို့ အညိုအမဲ စွဲနေတာလေးတွေ ပျောက်တဲ့ထိနေပါရစေ ဆို၍ နေခွင့်ပြုထားသော်လည်း Barမှာ မိန်ကလေးတစ်ယောက် နေခြင်းက မသင့်တော်လှပေ။ ထို့ပြင်
ဘုန်းထွဋ်ခေါင်လျှံ ကလည်း နွေးရောက်လာ
မှ ဆိုင်ကပ်သည်မရှိသလို သူ့နားလည်း သိပ်မကပ်တော့ပေ။ ဒီအရူးကတော့ ပိတ်ထိုးချင်စရာကောင်းနေပေပြီ။ပြော တော့ဖြင့်ခင်ဗျားနဲ့  အတူတူရှိတဲ့အချိန်တိုင်း စိတ်ချမ်းသာ
တယ် ဆိုပြီး ခုကျတော့ မိုးလင်းတည်ကထွက်သွားတာ မိုးချုပ်တဲ့ထိပြန်မလာ။
ညတောင်အပြင်မှာ အိပ်အုံးမတဲ့။
ဘယ်သူ့ဆီမှာ အိပ်မှာလဲ။ဘယ်မှာနေပြီး ဘယ်မှာစားမှာလဲ။ အနွေးထည်ရော ထူထူဝတ်သွားရဲ့လား။ဒီလောက်အေးတဲ့
ရာသီဥတုမှာ   ရန်တွေဘာတွေဖြစ်ပြီးတော့ ဒဏ်ရာရပြီးလဲမနေလောက်ပါဘူးနော်။ ပြောရတာမဟုတ် ဒီကောင်လေး စိတ်ကဆတ်ဆတ်နဲ့ ။

"ကိုနှိုင်း ဘာတွေစဉ်းစားနေတာလဲ ။ နွေးပြောတာကြားလား"

မျက်နှာရှေ့လက်ဖျောက်လေးတီးရင်း နွေးပြောမှ နှိုင်း အတွေးနယ် ချဲ့ခြင်းတို့ရပ်သွားကာ...

"အော်..အင် ကြားတယ်။ ဟို ပန်းကန်တွေက တစ်ခြားသူ တွေ ဆေးပါလိမ့်မယ်။ counterမှာသာ သွားထိုင်နေ"

"ဟုတ်... ဒါလေးပြီးအောင် ဆေးပြီးရင် သွားထိုင်လိုက်မယ်"

"ကဲပါ ထားခဲ့ပါ ခင်ဗျား သူငယ်ချင်း သိရင် ကျုပ်ကို အပြစ်ပြောနေဦးမယ်"

"ဟယ်..ခုကတည်းက ကြောက်နေပြီပေါ့"

"ကြောက်စရာလား သွားသွား.. မြန်မြန်သွား"

နွေးက နှိုင်းရဲ့ဆူပုတ်ပုတ်နှင့် နှင်ထုတ်နေသောမျက်နှာလေးကို ကြည့်ကာ ရယ်လိုက်ပြီး နောက်ဖေးမှ ထွက်သွားလေ
သည်။ နှိုင်းသည် မနိုင်စိန် သူငယ်ချင်းနှစ်ယောက်ကြောင့် သက်ပြင်းချရ၏။ ဘယ်ဘဝရေစက်ကြောင့် ဒီလိုတွေ
လာဆုံတွေ့နေရသည်မသိ။ သို့ပေမယ့် ဒီကလေး နှစ်ယောက်ကြောင့်ပဲသူ့ဘဝ အဓိပ္ပယ်ရှိလာသလိုခံစားရ သဖြင့် ကျေနပ်မိတာအမှန်ပင်။

Black Memory(U+Z)(Completed )Where stories live. Discover now