part-24

13.4K 1K 29
                                    

Unicode

"သားတို့လားရှိုးမှာ အရမ်းအေးတယ်။ ဒီမှာ ပူလိုက်တာဖွာရာ"

နှိုင်းသည် ဆံပင်အမဲတွေကို ဖုံးလွှမ်းနေပြီဖြစ်သည့် ဖွားဖွားရဲ့ ဆံပင်ဖြူလေးတွေကို တယုတယ ကိုင်ရင်း ဘီးဖြင့် ဖီးပေးနေ၏။

"မန္တလေးသားကြီး လားရှိုးရောက်ပြီးမှ ရာသီဥတု ဒဏ်ကို မခံနိုင်တော့ဘူးပေါ့"

"Hkhk... တကယ် မတူလို့ မတူဘူး ပြောတဲ့ဟာကို။ မယုံရင် ဖွားဖွား သားဆီလိုက်နေလေ"

"ဘယ်လိုပြောလိုက်ပါလိမ့်။ ဖွား လည်း သားနဲ့ပဲနေချင်တာ ဒါပေမယ့် သိတဲ့အတိုင်း ဒီမှာ ဖွားမရှိရင် ကမ်ဘာ ပျက်တာထက်
ပိုဆိုးလိမ့်မယ်"

အသက်ကြီးပြီဖြစ်သည့်ဖွားဖွားက အနားမှာ တီးတိုးပြောဖော် လိုချင်နေရှာတာပါ။ နှိုင်းသည် ဆံပင်တွေကို ဆီလေးလိမ်း
ကာ သပ်ရပ်အောင်လုပ်ပြီးတဲ့နောက် ...

"ဖွား ဆံထုံးထုံးလို့ရပြီ။ သား ဖွားဖွားစားဖို့ မုန့်သွားယူပေးမယ်နော်"

ဖြည်းညှင်းစွာ ခေါင်းငြိမ့်လိုက်တဲ့ ဖွားဖွားစိတ်တွေဟာ လေးလံနေမှာသေချာ၏။ နှိုင်းသည်လည်း ဖွားရှေ့ပြုံးနေ ရပေမယ့် အသက်တို့မပါဝင်ခဲ့ပေ။

"ဘာပြောတယ် နှိုင်းသုတလျှံ ရောက်နေတယ်ဟုတ်လား။ အဲ့ဒီသောက်ခြောက်က ကိုယ့်ဟာကိုယ် မနေဘဲ ဘာလာ
လုပ်ပြန်တာလဲ။ အမေ့နားက အမွေးလိုချင်လို့လား"

ဖွားဖွားအခန်းထဲကအထွက် ကြားလိုက်ရတဲ့ စကားသံက နားစည်ကိုခပ်ပြင်းပြင်းရိုက်ခတ်လိုက်သလို နှိုင်းဟာ ခြေလှမ်းတွေတုံ့သွားရသည်။

"တိုးတိုးပြော ကြားသွားဦးမယ်"

"ကြားပါစေပေါ့ ။ကြားတော့ ပိုတောင်ကောင်းသေး။ ယောကျာ်း ဖြစ်ပြီး ယောကျာ်းလိုမနေလို့ ဘုန်းကံနိမ့်ပြီး မိဘတွေ သေတာမမှတ်သေးဘူး ။ဒီကိုလာပြီး
တစ်မျိုး လုံးဘုန်းကံနိမ့်အောင်လုပ်နေတယ်"

နှိုင်းလက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏။ ဒီလိုခါးသီးတဲ့စကားလုံးတွေရဲ့ ဝေးရာကို သူထွက်ပြေး ခဲ့ပေမယ့် အခုချိန်ထိ မလွှတ်မြောက်နိုင်သေးပါလား။

Black Memory(U+Z)(Completed )Where stories live. Discover now