Part-42

12.7K 910 25
                                    

Unicode

"ကျွန်တော် ဓားထိုးမူ့ သတင်းရလို့.. တရားခံနဲ့ တွေ့လို့ရမလား!"

စိုင်းမင်းကိုသည် တရာခံနာမည်၌ ကိုဘိုဘို ဟု သိလျှင် သိချင်း ထိုဒေသသို့ ခရီးနှင်ခဲ့ပါ၏။

"တရားလိုဘက်က အမူမဖွင့်ချင်ဘူးဆိုပြီး အခုလေးတင်ပဲ ပိတ်သွားတယ်ဗျ"

"ဟင်..ဘာလို့လဲ"

"မသိဘူးဗျ...အော် ဟိုမှာ တရားခံကိုပြန်ထုတ်သွားပြီ!"

တာဝန်ခံရဲအရာရှိ ပြသည့်နေရာသို့ သူလှည့်ကြည့် လိုက်လျှင် မိုးဇေက ကိုဘိုဘိုအား ကားတံခါးဖွင့်ပေးလျက် တစ်ဖက်တွင်သူဝင်ထိုင်ကာ မောင်းထွက်သွားလေတော့
သည်။

"ကျေးဇူးပဲ..ခွင့်ပြုပါဦး"

စိုင်းမင်းကိုသည် မောင်းလာသော ရဲကားပေါ်သို့ အမြန် တတ်၍ မိုးဇေကားနောက်သို့ မှီအောင် လိုက်လေသည်။ မိုးဇေသည် တောလမ်းလေးအတိုင်း မောင်းသွားရာမှ
တောင်စွန်း တစ်နေရာတွင် ရပ်လိုက်သည်မို့ ဘာဆက်လုပ် မလဲဟု သူစောင့်ကြည့်နေစဉ် သေနတ်ပစ်သံကို ကြားလိုက်
ရပါ၏။ သို့နှင့် သူ ကားပေါ်မှ ဆင်းဖို့ပြင်လိုက်ရာ မိုးတွေ ရုတ်ချည်ရွာသွန်းလာလေတော့သည်။

"ငါက သတ်မလို့ လိုက်ရှာနေတာ"

ပြောထားတဲ့စကားအတိုင်းတကယ်ပဲ သတ်လိုက်ပြီလား။ စိုင်းမင်းကို သည် ကားပေါ်မှဆင်း၍ မိုးရေတွေထဲ ပြေး ထွက်လိုက်ပါ၏။ ဘယ်သူက ဘယ်သူ့ကို ပစ်လိုက်တာလဲ
သိရဖို့။

"တံခါးဖွင့် မိုးဇေ.. ဟေ့လူ.. တံခါးဖွင့်"

ဘေးမှ အသက်ပျောက်နေပြီဖြစ်သော ကိုဘိုဘိုနှင့်အတူ စီယာတိုင်ကို ကိုင်၍ ငိုကြွေးနေတဲ့ မိုးဇေကို မြင်ရသည့် အခါ သူ့ရင်ထဲ ထူးဆန်းသည့်ခံစားချက်ဝင်ရောက်လာခဲ့
ပါသည်။ မင်း ငိုရမယ်ဆိုရင် ဘာကြောင့်များ သတ်ခဲ့ တာလဲကွာ။

မိုးဇေသည် ဖြည်းဖြည်းချင်း ခေါင်းပြန်ထောင်လာပြီးနောက် သူ့ကိုမြင်လျှင် တံခါးဖွင့်လျက် ဆင်းလိုက်ပါ၏။

"ဥပဒေအတိုင်း အရေးယူလို့ရနေတာကို ဘာလို့သတ်တာလဲ"

ခန္ဓာ ကိုယ်ပေါ် အေးစက်စက်ကျရောက်နေတဲ့ မိုးရေတွေကို ခံယူရင်း မိုးဇေ စိုင်းမင်းကို ကို ခပ်ပြင်းပြင်း တွန်းချလိုက် မိ၏။ ဥပဒေ ဆိုတာ ပိုက်ဆံရှိရင် ဖင်ခုထိုင်လို့ရနေပြီ။

Black Memory(U+Z)(Completed )Where stories live. Discover now