Part-34

14.3K 950 22
                                    

Unicode

ကြယ်ကလေးတွေ ကောင်းကင်မှာထွန်းလို့ မှိတ်တုပ်မှိတ်တုပ်လေးနဲ့ တောက်ပနေတဲ့အချိန်။ ထင်းချောင်းတွေကိုစုလို့
မီးတောက်ဖြစ်စေလိုက်ပြီး မမဝေနဲ့ နှိုင်းတို့ မီးပုံနံဘေးမှာ အအေးဒဏ်ကို ကာကွယ်ဖို့ ထိုင်နေကြပါ၏။

"သူ ဒီလိုပဲ အပြင်သွားရင်ကြာတာလားဟင်!"

ဆေးချိတ်နေရင်း နှိုင်းအိပ်ပျော်သွားချိန်ထိ မောင်ကဘေးနားမှာ ရှိနေပေးပါ၏။ သို့သော် နှိုင်း နိုးလာသည်အချိန်တွင်တော့ ဘယ်ထွက်သွားသည်မသိ မှောင်ရိပ်လွှမ်းနေသည့်တိုင်
ပြန်မရောက်လာသေးပေ။

"အင် ပြန်လာတော့မှာပါ"

မမဝေက ကန်စွန်းဥပေါ်တွင် မီးကျည်းခဲတွေ အုံရင်း ဖြေလိုက်ပါ၏။ မျှော်ရသည့် အလုပ်ကို မုန်းသည့်တိုင် မောင်နဲ့ပတ်သတ်တိုင်း အချိန်တွေမှတ်ပြိီး နှိုင်း မျှော်တတ်နေခဲ့တာအကျင့်တစ်ခုလိုဖြစ်နေပေပြီ။

ပုဇဉ်းရင်ကွဲသံတို့ အော်မြည်သံလေး တစ်စတစ်စထွက်ပေါ် လာချိန်ဝယ် အိမ်ထဲမှကလေးငိုသံကို ကြားရပါ၏။

"ကလေးနိုးပြီထင်တယ်။ အစ်မ သွားကြည့်လိုက်ဦးမယ်..အရမ်းအေးတယ်အပြင်မှာအကြာကြီးမနေနဲ့နော်။ မောင်ဘုန်းက တစ်ခါတစ်လေ တစ်ညလုံး ပြန်လာတာမဟုတ်ဘူး"

မမဝေ၏ ပြောစကားက နှိုင်းစိတ်တွေကို လေးလံစေ၏။ အရင်လိုပဲ မောင်က ညတွေအပြင်ထွက်တတ်တုန်းလား။ တစ်ခါက လမင်း ကျိတ်မနိုင်ခဲမရ ပြောခဲ့ဖူးသလို
မောင် က sexစွဲလမ်းသူ ဖြစ်နေတုန်းပဲလား။ ဂယောက် ဂယက်စိတ်တွေနဲ့အတူ အတွေးပေါင်းမြောက်မြားစွာ ၏
နိုပ်စက်မူအောက်တွင် နှိုင်း ငိုချင်လာပြန်ပါ၏။ မောင့်အချစ် တွေကို သူတစ်ယောက်တည်း ဘယ်တော့မှပိုင်ဆိုင်ရမှာပါလိမ့်။ မောင့်ရဲ့ ဦးစားပေးရွေးချယ်ခံရတဲ့လူတွေထဲ သူ ဘယ်တော့ပါမှာ ပါလိမ့်။

မီးကျည်းတို့ရဲ့ အားကောင်မူကြောင့် ကန်စွန်းဥနံ့လေးဟာ မွှေးကြိုင်စွာ ထွက်ပေါ်လို့လာနေသည်။ တဂွီဂွီ မြည်လာတဲ့
ဗိုက်ထဲကကောင်ကို ဥပေက္ခာ ပြုထားရတာ နာရီစက္ကန့် များစွာ ကြာညောင်းလို့ နေလေပြီ။ မောင်ပြန်လာမှ အတူတူ စားဖို့ စိတ်ကူးထားတဲ့ထမင်းဝိုင်းလေးလည်း အေးစက်လို့
နေပြီထင်၏။ မျက်ရည်ပူလေ တဖြည်းဖြည်း  လှိမ့်ဆင်းကျလာသောအခါ သူသုတ်ဖို့ မကြိုးစားမိပဲ မီးဖိုက မီးတောက်ကိုသာ အကြောင်းပြချက် မရှိ ငေးကြည့်
နေမိသည်။ မောင်နဲ့ပတ်သတ်ပြီးကျလာတဲ့မျက်ရည်တွေကို ကျွန်တော်ချစ်တယ်လေ။

Black Memory(U+Z)(Completed )Onde as histórias ganham vida. Descobre agora