Ep-52(Uni/Zg)

64.1K 4K 598
                                    

" Boss!! "

လှိုင်းအနားမှာ ငုတ်တုတ်ထိုင်ကာ ခေါင်းငိုက်စိုက်ကျနေတဲ့သူကြောင့် Samတယောက် ထိုနေရာမှာတင် ထိုင်ချလိုက်သည်...ဟန်နရီက တခုခုခံစားရတိုင်း သူ့ကိုယ်သူနာကျင်အောင်လုပ်တတ်တဲ့အကျင့်ရှိတာကြောင့် Sam ဟန်နရီဘေးကိုအမြန်သွားကာ တကိုယ်လုံးကိုစစ်ဆေးလိုက်သည် ထင်တဲ့အတိုင်း နံရံကိုထိုးထားတဲ့ပုံပါပဲ ဟန်နရီရဲ့လက်ဆစ်လေးတွေက ပွန်းပဲ့နေသည် 

" ငါ ဒီကလေးကိုဘယ်လိုမျက်နှာနဲ့ တောင်းပန်ရမလဲ Sam "

" Boss!! စိတ်ကိုအရင်ငြိမ်အောင်ထားလိုက်ပါ ဒီကိစ္စက Bossကြောင့်လဲမဟုတ်ပါဘူး အဲ့တာကြောင့် အရင်တုန်းကလိုမျိုးကိုယ့်ကိုကိုယ်နာကျင်အောင်မလုပ်လိုက်ပါနဲ့ "

" ငါမေ့ပျောက်ထားတဲ့ အကြောင်းအရာကြီးက ငါ့ခေါင်းထဲပြန်၀င်လာပြန်ပီ Sam "

" ဟင့်အင်း အဲ့တာကြီးကို Bossအစပြန်မဖော်ပါနဲ့ အဲ့ကိစ္စကြောင့် Bossဘယ်လောက်ထိ ခံစားခဲ့ရပီးပီလဲဆိုတာ ကျတော်အသိဆုံးပါ ကျေးဇူးပြုပြီး Bossအိမ်ပြန်လိုက်ပါ ကျတော်ကျန်တာကို ဆက်ရှင်းလိုက်မယ် "

" Sam... ငါ...."

" အခုချိန်မှာ Bossဘာမှမပြောပါနဲ့ ဒီကိစ္စတွေကလဲ Bossနဲ့ဘာမှမဆိုင်ဘူး အခုချိန်ဆို အိမ်မှာလွန်းတယောက် Bossကိုတော်တော်မျှော်နေလောက်ပီ အခုပဲအိမ်ပြန်လိုက်ပါတော့ "

နေရာမှာတင် အရုပ်ကျိုးပြတ်လိုဖြစ်နေတဲ့ ဟန်နရီကို Samအမြန်ဆွဲထူလိုက်ပီး အိမ်ထဲကနေအမြန်ထွက်စေလိုက်သည်...

" Sam လှိုင်းကို..."

" ကျတော်သိတယ် ကျတော်အကောင်းဆုံးလုပ်ပေးမှာပါ Bossသာအိမ်ကို ကောင်းကောင်းမွန်မွန်ပြန်ပါ "

စိတ်နဲ့လူနဲ့မကပ်သလိုဖြစ်နေတာကြောင့် Samတယောက် ဟန်နရီကားထွက်သွားတဲ့အချိန်ထိ စောင့်ကြည့်နေလိုက်သည် စိတ်ချရတဲ့အနေအထားရောက်မှသာ အိမ်ထဲကိုအမြန်ပြေး၀င်သွားလိုက်သည်
ဟန်နရီအတွက် Samကနားလည်မှုအရှိဆုံးနဲ့ အယုံအကြည်ရဆုံးတပည့်ဖြစ်တာကြောင့် နောက်ကွယ်ကကိစ္စတွေကို Samပဲဖြေရှင်းပေးရသည်

HANARY(S1+S2) Where stories live. Discover now