Ep -53 Final( Uni /Zg)

91K 4.8K 480
                                    

" ချစ်လေးက ဒီနေ့သိပ်လှနေတယ်ကွာ "

" အာ ကိုကိုကလဲကွာ "

အလုံခန်းတခန်းမှာ ပျံ့လွင့်နေတဲ့ ညည်းညူသံတွေက ကြားရသူအဖို့နားရှက်ဖို့ကောင်းနေမှာအမှန် ... စိတ်လွတ်ကိုယ်လွတ်ပျော်ပါးနေတဲ့ လူနှယောက်အဖို့ အထွတ်အထိပ်ရောက်လုနီးပါးပင်

" ၀ုန်း !! "

တံခါးlockကိုသေနတ်နဲ့ပစ်ကာ ဆောင့်ကန်လိုက်တာကြောင့် ထိုလူရဲ့ခြေထောက်အောက်မှာ ခစားသွားသည်...ကျိုးပဲ့သွားတဲ့ တံခါးအပိုင်းအစတွေကို နင်းချေကာ တလှမ်းချင်း၀င်ရောက်လာတဲ့ လူရဲ့အကြည့်တွေက စူးရှပီး Maskအပေါ်ကနေ ရေးရေးလေးမြင်နေရတဲ့ မျက်၀န်းလေးတွေက အေးစက်လျှက်ပင်...တဖက်မိန်းကလေးက သူ့ကိုယ်ပေါ်ကို စောင်နဲ့အမြန်ပတ်လိုက်သည် ကုတင်ပေါ်မှာ ဇိမ်ခံနေတဲ့ တဖက်လူက ဘေးစားပွဲပေါ်က သေနတ်ကိုလှမ်းယူကာ ဟန်နရီကို လှမ်းပစ်ဖို့ကြိုးစားလိုက်သည် အကျွမ်းတ၀င် ဖြစ်နေတဲ့ဟန်နရီရဲ့လက်တွေက ထိုလူကိုဖမ်းချုပ်ကာ ရင်၀ကိုဆောင့်ကန်လိုက်သည်...

" အရှိန်တတ်နေကာမှ နှောင့်ယှက်သလိုဖြစ်သွားသလား အဟက် "

ဟန်နရီထိုလူကို လက်နောက်ပြန်ကြိုးတုတ်ကာ ခေါင်းကိုသေနတ်နဲ့ချိန်ထားလိုက်သည်

" ဒီထက်ပိုကောင်းတဲ့ နေရာကိုကျုပ်တို့သွားကြမလား "

" မင်း!! "

" ရှုး....စောက်ရေးမပါတဲ့ ပါးစပ်ကထွက်ကျလာမဲ့ စကားသံတွေကိုမကြားချင်ဘူး ဗစ်တာက စိတ်ရှုပ်မခံနိုင်တာ ခင်ဗျားလဲသိမှာပေါ့ "

ဟန်နရီထိုလူကို ကားနောက်ခန်းထဲထည့်ကာ အဆောက်အဦးပျက်တခုထဲခေါ်လာလိုက်သည် ထိုလူကိုယ်ပေါ်မှာ Boxerတထည်ကလွဲပီး ကျန်တာဘာတခုမှမရှိ....
အဆောက်အဦးထဲရောက်ခါမှ ထိုလူကို ကြိုးဖြည်ပေးကာ လွတ်လပ်ခွင့်ပေးလိုက်သည်...လွတ်မြောက်သွားတဲ့လက်တွေက ဟန်နရီဆီဦးတည်ကာ တိုက်ခိုက်ဖို့ကြိုးစားလိုက်သည်
တဖက်လူရဲ့ခြေထောက်ကို ဟန်နရီလှမ်းကန်လိုက်တာကြောင့် မြေပြင်ပေါ်မှာ လဲကျသွားသည်....

" စိတ်ပျက်စရာပဲ ကျုပ်က ဒီထက်ပိုပီး ပျော်စရာလေးတွေဖန်တီးချင်တာ ခင်ဗျားကအခုထိ ကျုပ်ကို တချက်လေးတောင် မထိုးနိုင်သေးဘူး "

HANARY(S1+S2) Where stories live. Discover now