" အိပ်ပုတ်ကြီး ထတော့ "
မနက်ဆို မထချင်တဲ့ဟန်နရီကို အိပ်ယာနှိုးရတာလဲ လွန်းရဲ့ပုံမှန်အလုပ်တခုလိုပါပဲ ဟန်နရီက လွန်းကိုအပြင်မှာ အလုပ်မလုပ်ခိုင်းတာကြောင့် သူ Companyသွားတဲ့အချိန်တိုင်း လွန်းကအိမ်မှာပဲ ကျန်ခဲ့ရသည်...
" ထတော့လို့!!! "
" အစောကြီးရှိသေးတာကို အချစ်ကလဲ "
" ဘာအစောကြီးလဲ 8နာရီခွဲနေပီ ခင်ဗျားအလုပ်သွားရအုံးမှာလေ"
" ကို့ကို မမောင်းထုတ်ပါနဲ့ကွာ ကိုကအချစ်အနားမှာပဲ နေချင်တာ "
ဒီလူအိပ်ယာမထချင်တာနဲ့ပဲ အပိုတွေလျှောက်ပြောနေတာမှတ်လား အနားမှာနေချင်တယ်သာပြောတာ သူ့မျက်လုံးနှစ်လုံးက အခုထိပွင့်မလာသေးဘူး စိတ်ရှိတိုင်း သူ့ကျောပြင်ကိုခပ်နာနာလေးသာ ရိုက်ချင်မိတော့တာပါပဲ
" ထတော့လို့!! "
" နည်းနည်းလောက်လေးပဲထပ်အိပ်လို့မရဘူးလား 10မိနစ်လောက်ပဲလေ "
" မရဘူး အခုထ "
ဘေးနားကနေ တဂျီဂျီလုပ်နေတဲ့လွန်းကြောင့် ဟန်နရီမျက်နှာလေးဆူပုတ်ကာ ကုန်းထလိုက်သည်..မျက်လုံးလေးတွေကတော့ မပွင့်...
" အဲ့မျက်လုံးနှစ်လုံးက ဘာလို့ပိတ်ထားတာလဲ "
" အထဲကနေ အချစ်ကိုကြည့်နေတာလေ "
တမင်သပ်သပ်စနောက်နေတဲ့ ဟန်နရီရဲ့ဗိုက်လေးကို လွန်းတယောက်လိမ်ဆွဲကာ အပြစ်ပေးလိုက်သည်
" အား...နာတယ် "
" အဲ့တာဆို ဘာလို့အပိုတွေပြောနေရတာလဲ "
" အပိုတွေပြောတာမဟုတ်ပါဘူး ရင်ထဲကအချစ်တွေကိုပြောပြနေတာပါ "
" ကဲပါ တော်ပါတော့....မျက်နှာသွားသစ်ပီး မနက်စာစားဖို့လုပ်တော့ အလုပ်သွားရအုံးမယ်လေ "
" ဟုတ်ကဲ့ပါဗျာ "
အတင်းနှင်လွှတ်လိုက်တာကြောင့် အိပ်ချင်မူးတူးပုံလေးနဲ့Bathroomထဲ၀င်သွားတဲ့ လူဆိုးကောင်လေးကိုကြည့်ပီး လွန်းတယောက်သဘောကျစွာ ပြုံးရယ်လိုက်သည်...အိပ်ယာပေါ်တွန့်ကြေနေတဲ့ အိပ်ယာခင်းတွေနဲ့ စောင်တွေကို သေသပ်စွာပြန်ခေါက်လိုက်ပီး ဟန်နရီအလုပ်သွားရင်၀တ်ဖို့ အ၀တ်အစားတွေကို လွန်းကိုယ်တိုင် အဆင်သင့်ပြင်ဆင်ပေးထားလိုက်သည်