စကားချီး
10.6K 491 33
Unicode
စားပွဲပေါ်တွင် မတူညီသည့် ကစားစရာဂျုံတုံး လေးခုပြန့်ကျဲနေသည်။ လေးငါးနှစ်အရွယ်ဖုန့်ဟွာလေးသည် ပဟေဠိဖြစ်စွာ ကြည့်နေ၏။
—ဖုန့်ဟွာ - ယဲ့အာ... ဒီအပိုင်းအစလေး လေးခုနဲ့ ကျွန်တော်တို့ ဘယ်လိုလုပ် အိမ်တစ်လုံးဆောက်လို့ ရမှာလဲ?
—ဖုန့်ယဲ့ရန်- မင်းလိုချင်တဲ့ပုံရအောင် ညစ်လိုက်လေ။ ဒီတစ်ခုက ခေါင်မိုး၊ အကြီးဆုံးက နံရံ၊ ဒီတစ်ခုက တံခါးနှင့် ပြတင်းပေါက်၊ နောက်ဆုံး သေးသေးလေးကတော့ မီးခိုးခေါင်တိုင်ပဲ။
—ဖုန့်ဟွာ - ဒီမှာ ရောင်စုံခဲတံနဲ့ စုတ်တံသေးလေးတွေအများကြီးရှိတယ်။
—ဖုန့်ယဲ့ရန် - ကိုယ်တို့ အိမ်ပြီးသွားရင် နောက်ခံကိုဆွဲကြရအောင်၊ ကမ္ဘာမြေကြီး၊ စိမ်းစိုတဲ့ မြက်ပင်တွေ၊ ကောင်းကင်ပြာ နဲ့ တိမ်ဖြူတွေရောပေါ့။
—ဖုန့်ဟွာ - ပြီး‌တော့ ကျွန်‌တော်တို့ နှစ်ယောက်ရော!
—ဖုန့်ယဲ့ရန် - အင်း... လူကြီးတစ်ယောက်နဲ့ ကလေးတစ်ယောက်!
—ဖုန့်ဟွာ - ကျွန်တော်တို့ ထာဝရအတူနေသွားကြမယ်!!
ဘာသာပြန်သူ၏ မှတ်စု - အသားမပါေပမယ့် ဓားကတော့ ရှယ်များပါ၏။ ကိုယ့်ကိုယ်ကိုယ် သတ်သေရန်သွေးဆောင်ခြင်း၊ သွေးထွက်သံယို၊ ရွံစရာအခန်းတွေလည်း အများကြီးပါဝင်ပါသောကြောင့် ထိုအရာများနှင့် အဆင်ပြေသည်ဆိုမှ ဖတ်ရှုပါရန် အကြံပြုအပ်ပါသည်။
နောက်တစ်ခုကတော့ဇာတ်ကိုနားလည်ရန် အဆုံးထိဖတ်ရန်လိုအပ်ပါသည်။ အဆုံးဆိုသည်မှာ နောက်ဆုံးသောအပိုင်းအထိရည်ညွှန်းပါသည်။ Foreshadowingတွေလည်း များလွန်းပါသောကြောင့်မကျော်ဘဲ ဖတ်နိုင်မှအကုန်လုံးကို သေချာနားလည်မည်ဖြစ်ပါလိမ့်မည်။
Zawgyi
Monster {Completed}Where stories live. Discover now