အပိုင်း ၂၀ - ကြောက်ရွံ့ထိတ်လန့်ခြင်း

804 157 6
                                    

Unicode

ဖုန့်ယဲ့ရန်က ရွှေအို‌ရောင်အိပ်မက်ထဲတွင် အရည်ပျော်ပြီး အစက်အပျောက်အဖြစ် ပျော်ဝင်နေ၏။

သူသည် ပျော်ရွှင်မှုပြည့်နေသော ရယ်မောသံကို ကြားလိုက်ရသည်။

"ယဲ့အာ... ဒီကိုလာ"

အသံသည် နူးညံ့ကာ သိမ်မွေ့နေ၏။

သူက သူ့မိခင်ကိုမြင်သည်။ ခပ်မှိုင်းမှိုင်းဂါဝန်တစ်ထည် နှင့် လည်စည်း၊ နေကာဦးထုပ်တို့ကိုဝတ်ဆင်ထားသည့် သူမသည် စနိုးဝှိုက်ပုံထိုးထားသော လက်အိတ်အစုံဖြင့် ခုံတန်းပေါ်တွင်ထိုင်နေကာ သူ့ကို လက် ေဝှ့ ရမ်းပြနေသည်။ သူ့အဖေကတော့ မီးခိုးနက်ရောင် ဝတ်စံုပြည့်ကို ဝတ်ဆင်ထားကာ သူမဘေးတွင်ထိုင်နေရင်း သူ့ကိုပြောလာ၏။ "အရူးလေး ဘာစောင့်နေတာလဲ.. ငါတို့ ဓာတ်ပုံရိုက်ကြတော့မယ်လေ"

ဖုန့်ပေါ်ရန်နှင့် ချန်ရွှမ်ကတော့ သူ့မိဘတွေရဲ့အနောက်ဘက်တွင် မတ်တပ်ရပ်နေကြသည်။ ချန်ရွှမ်က ခွေးပေါက်လေးတစ်ကောင်ကို ပွေ့ထားရင်း သူ့အမွေးတွေကို သပ်ပေးနေသည်။ ဖုန့်ပေါ်ရန်မျက်နှာကတော့ အများကြီး မပြောင်းလဲပေမယ့် သိမ့်မွေ့ပြီး ရင်းနှီးကျွမ်းဝင်မှုရှိနေသည်။

ဖုန့်ယဲ့ရန်က သူတို့ရှိရာကို နူးညံ့တဲ့ မြက်ပင်လေးတွေကို နင်းပြီး တစ်လှမ်းပြီးတစ်လှမ်းလျှောက်သွားခဲ့စဥ် သူ့နှာခေါင်းတွေက ချဥ်စူးစူးဖြစ်နေသည်။ နှင်းပွင့်လိုဖြူဖွေးသည့် ပန်းတွေက စိမ်းမြနေသော မြက်ခင်းပြင်ကြားတွင် ပြန့်ကျဲနေပြီး ရွှေရောင်နေရောင်ခြည်၊ သိမ်မွေ့သည့် ငှက်တေးနှင့် နွေးထွေးသည့် လေပြည်တွေက ပတ်ဝန်းကျင်ကို အလှဆင်နေသည်။

သူက ဖုန့်ပေါ်ရန် ေဘးတွင် ဝင်ရပ်လိုက်သည်။ ဖုန့်ပေါ်ရန်က သူ့လက်မောင်းကို ဆွဲလိုက်ရင်း ပြောလေ၏။

"ငါ့ညီ... ပြုံးထား... မျက်တောင်မခတ်နဲ့"

သူ့လက်တွေက သူ့အမေ၏ပုခုံးထက်တွင် သိမ်မွေ့စွာ နေရာယူထားသည်။ သူမက နောက်လှည့်တစ်ချက်ပြုံးပြလျက် သူ့လက်ကို နွေးထွေးစွာ ပြန်လည် ဆုပ်ကိုင်ထားပေးခဲ့သည်။

Monster {Completed}Where stories live. Discover now