အပိုင်း ၂၅ - ထပ်ခါတလဲလဲဖြစ်ခြင်း

791 177 34
                                    

Unicode

ဖုန့်ယဲ့ရန်က ဖုန့်ဟွာကို ချစ်ဖို့ဆုံးဖြတ်ပြီးကတည်းက သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးသည် အများကြီး ကောင်းလာခဲ့သည်။

သို့ပေသိအတိတ်က အနာရွတ်တွေက အမြန်ကုသနိုင်ခဲ့တာတော့ မဟုတ်ချေ။ ဖုန့်ဟွာက သူတို့ဆက်ဆံရေးအပြောင်းအလဲကို တော်ရုံမယုံနိုင်ခဲ့။

ဖုန့်ဟွာက အမြဲမလုံမခြုံခံစားခဲ့ရပြီး ဖုန့်ယဲ့ရန်ကို ထပ်ခါထပ်ခါ စမ်းသပ်ခဲ့သည်။ ဖုန့်ယဲ့ရန် ၏ ခံစားချက်များကို စဉ်ဆက်မပြတ် စုံစမ်းခြင်းနှင့် စမ်းသပ်ခြင်းမှသာလျှင် သူသည် ဖုန့်ယဲ့ရန်၏ခံစားချက်များကို ခံစားနိုင်မည်ဖြစ်သည်။

ဖုန့်ယဲ့ရန်ကို လူကြားထဲတွင် ကိစ္စတွေပြုလုပ်ခိုင်းခဲ့သည်။

ပွဲတွေတက်ရချိန်တွင် သူသည် အမျိုးသမီးတွေနှင့် သွားပရောပရည်လုပ်ပြီး ဖုန့်ယဲ့ရန်၏ တုန့်ပြန်ချက်ကို ရှာဖွေတတ်သည်။ သူက ဖုန့်ယဲ့ရန်ကို စိတ်ဆိုးအောင်လုပ်ပြီးလျှင် သူက ကလေးတစ်ယောက်လို ပြောင်းသွားပြီး ဖုန့်ယဲ့ရန်ပေါင်ပေါ်သွားအိပ်ကာ ပါးလေးဖောင်းရင်း တောင်းပန်လိမ့်မည်ဖြစ်သည်။

ဖုန့်ယဲ့ရန်က အလွန့်အလွန်ဆိုးသည့်အဆင့်ရောက်လာသည်။

သူက အစာအိမ်ပိုပိုနာလာကာ အော့အန်ပြီး အလေးချိန်လည်း ကျလာလေသည်။ ထို့အပြင် မီးလောင်ကျွမ်းနေသည့် လူသေအလောင်းတွေပါသည့် အိပ်မက်ဆိုးတွေချည်း မက်တော့သည်။

ပထမဆုံးသူတို့ကို အိပ်ရာအောက်က အဝတ်ဗီရိုထဲတွင် တွေ့လိုက်ရတာဖြစ်သည်။

တစ်ညတော့ သူသည် တစ်ရပ်ကွက်လုံးမီးလောင်နေသည်ဟု အိပ်မက်မက်သည်။ လူတွေက ကမ္ဘာပျက်သလို အော်ပြီးပြေးနေကြသည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် အရှင်လက်လက် မီးလောင်ကုန်တော့သည်။

နောက်တစ်ရက်တွင်တော့ သူသည် လမ်းပေါ်လမ်းလျှောက်နေသည့် သူတွေက ချက်ခြင်းမီးလောင်ကျွမ်းကုန်တာကို တွေ့လိုက်ရသည်။ တစ်ချို့က ခြေလက်တွေဆုံးရှုံးကုန်ကာ တစ်ချို့က မျက်နှာအစိတ်အပိုင်းတွေဆုံးရှုံးကုန်သည်။ တစ်ချို့က မျက်လုံးနှစ်ဖက်၊ တစ်ချို့ကတော့ နှာခေါင်းရိုးကျိုးကုန်၏။

Monster {Completed}Where stories live. Discover now