အပိုင်း ၆ - စမ်းသပ်မှု

1.1K 249 4
                                    

Unicode

တစ်လကြာပြီးနောက်မှာတော့ တရားဝင်သတင်းစာရှင်းလင်းပွဲအတွက် ပြင်ဆင်တာတွေက ပြည့်စုံသွားလေချေပြီ။

ဖုန့်ယဲ့ရန်က မေးလာသည်။

"ဖုန့်ဟွာ... မင်း သတင်းစာရှင်းပွဲတက်မယ်မလား?"

"ကျွန်တော်က ဘာလုပ်ပေးဖို့လိုတာလဲ?" ဖုန့်ဟွာကပြန်မေးသည်။

"ဘာမှလုပ်ဖို့မလိုပါဘူး။ စင်ပေါ်မှာ ရပ်နေရုံပဲ။ ဒါပေါ့ တစ်ချို့မေးခွန်းတွေကိုတော့ မင်းဖြေရမယ်ထင်တယ်။"

"လူတွေ အများကြီးရှိမှာလား?"

"အင်း များမှာ။ သူတို့က စိတ်လှုပ်ရှားပြီး မင်းကို ဓာတ်ပုံရိုက်ကြလိမ့်မယ်။ မင်းကို ခပ်ရိုးရိုးမေးခွန်းတစ်ချို့မေးပြီး အကယ်၍ မင်းက စိတ်အရမ်းရှုပ်လာရင်လည်း ကိစ္စမရှိပါဘူး။ ငါတို့ မင်းအတွက် အဖြေတွေရေးပေးထားမယ်။ အဲ့ဒါကို ကျက်ထားလိုက်"

"ယဲ့အာရော ကျွန်တော့်ဘေးရှိမှာလား?"

"ရှိမှာပေါ့"

"အင်း.. ဒါဆိုရင်ရပါတယ်.. ဒါပေမယ့်..." ဖုန့်ဟွာက ခနလေးရပ်လိုက်ပြီးမှ ဆက်ပြောသည်။

"ကျွန်တော်သွားရင် ယဲ့အာက ကျွန်တော့်ကို ဆုပေးရမယ်။"

"ဘာလိုချင်လဲ?"

"လိုချင်တဲ့အချိန်မှပြောမယ်"

မကောင်းဆိုးဝါးလေးက အပြုံးတုကြီးနဲ့ပြောလာသည်။

တိုက်ရိုက်သတင်းစာရှင်းလင်းပွဲသည် ထင်တာထက်ပိုပြီး နာမည်ကြီးခဲ့သည်။ ဖုန့်ယဲ့ရန် နှင့် ဒါရိုက်တာတို့သည် အဓိကဖြေကြားသူများ ဖြစ်ကြပြီး ဆယ့်နှစ်နှစ်အရွယ် ၀တ်စုံပြည့်ကို ပထမဆုံးအကြိမ် ၀တ်ဆင်ထားသော ဖုန့်ဟွာ သည် အဖြူရောင်ကန့်လန့်ကာနောက်၌ရပ်လိုက်ပြီး အနည်းငယ်အသက်ရှူကြပ်လာသယောင် ခံစားလာရသည်။ အဖြူရောင်ကန့်လန့်ကာကို ရုတ်သိမ်းလိုက်သောအခါမရေမတွက်နိုင်သောကင်မရာများကအဆက်မပြတ်ဓာတ်ပုံရိုက်လျက် သူ့ကိုညွှန်ပြလာကြသည်မို့ သူသည် ဒေါသထွက်လွန်းသဖြင့် ၎င်းအားသူ၏ လက်များဖြင့် တားဆီးလိုက်သည်။ သူ၏အသွင်အပြင်ကို ဖန်သားပြင်အကြီးပေါ်တွင် ရောင်ပြန်ဟပ်ခဲ့ပြီးပြပွဲခန်းမရှိ လူထောင်ချီသည်သူ့ကိုစိုက်ကြည့်နေကြသည်။ ထိုအချိန်တွင်လူအုပ်အားအနည်းငယ်ကြောက်ရွံ့နေပြီဖြစ်သော ဖုန့်ဟွာသည် သူ၏တုန်လှုပ်ခြင်းကိုမထိန်းနိုင်တော့ပေ။ သို့သော်သူက ဖုန့်ယဲ့ရန်ကို အရှက်ခွဲလို့ မဖြစ်ဘူးဆိုတာသူသိသည်မို့ မျက်လုံးကိုမှိတ်လိုက်သည်။

Monster {Completed}Where stories live. Discover now