အပိုင်း ၁၀ - ဒေါသ

991 215 7
                                    

Unicode

အောက်တိုဘာ ၂၂ ရက်မှာ ဖုန့်ယဲ့ရန်ရဲ့ အစာအိမ်က ပြန်နာလာသည်။ သူက ဖုန့်ဟွာဆီသွားကြည့်လိုက်သည်။

ဒါပေမယ့် ဒီနေ့မှာ ဖုန့်ဟွာက စိတ်သိပ်အဆင်ပြေမနေဘူး။ သူက ဖုန့်ယဲ့ရန်ကို ပြီးနိုင်သမျှမြန်မြန်ပြီးအောင် လုပ်ပေးလိုက်တယ်။ သူက ဒန်းပေါ်မှာထိုင်နေပြီး ဘာစကားမှ မပြောတော့ဘူး။ သူ့မျက်ဝန်းအောက်က အနက်ရောင်ကွင်းကြီးက ပိုပိုနက်လာတယ်။

"ဖုန့်ဟွာ... ကောင်းကောင်းအိပ်မပျော်ဘူးလား"

ဖုန့်ယဲ့ရန်က မေးလိုက်သည်။ ဖုန့်ဟွာက ဘာမှမပြောဘဲ တိတ်တဆိတ်ပဲ တုန့်ပြန်သည်။

ဖုန့်ယဲ့ရန်က သူ့ဆီကို စိတ်ပူစွာ လမ်းလျှောက်လာရင်းပြောသည်။

"မင်းဘာလို့ စကားထပ်မပြောတော့တာလဲ? စိတ်အခြေအနေမကောင်းလို့လား? ကိုယ်မင်းကို ပစ်ထားမိသွားလို့လား? မင်းအချုပ်ကျနေတော့ ကိုယ်မင်းကို နေ့တိုင်းလာမတွေ့နိုင်ဘူးလေ။ အိုခေ...အိုခေ... စိတ်မဆိုးနဲ့တော့နော်... ကိုယ်တောင်းပန်နေတယ်လေ... မလုံလောက်သေးဘူးလား?"

ဖုန့်ယဲ့ရန်ပြောပြီးတာနဲ့ သူ့အကျင့်အတိုင်း ဖုန့်ဟွာကို ဖက်လိုက်ဖို့ကြိုးစားလေသည်။

ဒါပေမယ့် ဖုန့်ဟွာက ညစ်ပတ်တဲ့ အမှိုက်ကို ရှောင်သလိုမျိုး ချက်ချင်း ရှောင်လိုက်လေသည်။

"ညစ်ပတ်တယ်"

ဖုန့်ဟွာက ပြောတော့ ဖုန့်ယဲ့ရယ်က ရယ်သွမ်းသွေလာသည်။

"ချာတိတ်.... ကိုယ်နေ့တိုင်းရေချိုးပြီး အင်္ကျီလည်း အမြဲလဲတယ်ကွ။ မင်းနဲ့မတူဘူး။ မင်းရဲ့ ခွေးအိမ်လေးက ဘယ်လောက်ညစ်ပတ်နေလဲ ကြည့်စမ်း"

ဒါပေမယ့် အရင်တုန်းကလို ဖုန့်ဟွာက ပြန်မရယ်လာဘူး။ ကြည့်ရတာ သူကတစ်ခုခုကို ဆွဲကိုင်ထားသလိုမျိုး။ ဖုန့်ယဲ့ရန်က အခုဖုန့်ဟွာရဲ့ ‌ဒေါသတွေပြည့်နေတဲ့ မျက်ဝန်းနဲ့ စိုက်ချထားတဲ့ မျက်ခုံးတစ်စုံကို လွယ်လွယ်မေ့တော့မှာ မဟုတ်ဘူး။

ဖုန့်ယဲ့ရန် နည်းနည်းရှက်သွားသည်။ သူက အင်္ကျီကို လိပ်လိုက်ရင်းပြောလာသည်။

Monster {Completed}Where stories live. Discover now