အပိုင်း ၁၁ - ချိုးဖောက်ခြင်း

995 219 7
                                    

Unicode

ဒီကိစ္စပြီးသွားတော့ ချန်ရွှန်က ဆေးရုံပို့လိုက်ရသည်။ ကံကောင်းစွာနဲ့ ဒါက အကြောက်တရားတစ်ခုဖြစ်သွားပြီး အရေးမကြီးလိုက်။

ဒီမတော်တဆမှုက မကောင်းတဲ့သက်ရောက်မှုကို အများကြီးသယ်ဆောင်လာခဲ့သည်။ ကံကောင်းစွာနဲ့ သုသေတနဌာနက လူတွေက ချက်ချင်းသတင်းတွေကို လိုက်ပိတ်လိုက်ကြသည်။ သူတို့က သတင်းထောက်တွေကို ဖုန့်ဟွာကို အင်တာဗျူးဖို့ ငြင်းပယ်လိုက်ပြီး ဖုန့်ဟွာရဲ့ နောက်လခရီးကိုလည်း ဖျက်သိမ်းလိုက်ကြသည်။ ပြီးတော့ ဖုန့်ဟွာကို သံကြိုးတွေနဲ့ ချိတ်ပိတ်လိုက်ကြပြီး ဖုန့်ယဲ့ရန်ကလည်း ဥက္ကဌနဲ့ ဒါရိုက်တာနဲ့ စကားအရှည်ကြီး ပြောလိုက်ရသည်။

အောက်ကစာတွေကတော့ ဖုန့်ယဲ့ရန်ရဲ့ ဒိုင်ယာရီထဲက ကျန်ခဲ့တဲ့ လတစ်ဝက်စာပါပဲ။

အောက်တိုဘာ ၂၄ ရက်နေ့

ဒီလိုဖြစ်မယ်လို့ ငါလုံးဝမထင်ထားဘူး။ ဖုန့်ဟွာက ပေါက်ကွဲလာပြီး မကောင်းဆိုးဝါးပြန်ဖြစ်လာတယ်။ သူမွေးခါစကထက်ကို အဆတစ်ရာ ကြောက်ဖို‌့ကောင်းတဲ့ မကောင်းဆိုးဝါးမျိုး။ သူ့ အရွယ်အစားက ကြီးလာပြီး သူက အော်ဟစ်နေကာ သူဖျက်ဆီးချင်တာကို ဖျက်ဆီးနိုင်တဲ့ပုံမျိုး။ သူက ချန်ရွှမ်ကို သတ်ချင်ပေမယ့် ကံကောင်းစွာပဲ ချန်ရွှမ်က ဒဏ်ရာကြီးကြီးမရသွားဘူး။

ဘာတကယ်ဖြစ်ခဲ့တာလဲ? ငါချန်ရွှမ်အကြောင်းသူ့ကို အကြိမ်ပေါင်းများစွာပြောခဲ့တယ်လေ။ သူလည်း သဘောတူထားပြီးသားကို။ ဘာက သူ့ကိုလှုံ့ဆော်လိုက်လဲဆိုတာ မသိတော့ဘူး။ ဒါပေမယ့် ငါမမြင်မိတာလည်း ရှိရင်ရှိမှာ။

အောက်တိုဘာ ၂၅ ရက်နေ့

သူ့ကို လျှပ်စစ်အကျဥ်းထောင်ထဲထပ်ထည့်ထားရပြန်ပြီ။ ငါလည်း တစ်ညလုံး စောင့်ကြည့်ပေးနေမိတယ်။ ဥက္ကဌက ငါ့ကိုခေါ်ပြီး သူ့ရဲ့ အန္တရာယ်နဲ့ သူ့ကို ငါဘယ်လိုကောင်းကောင်း ထိန်းသင့်ကြောင်း စကားအရှည်ကြီးလာပြောသွားတယ်။ မဟုတ်ရင် ငါပါဒုက္ခရောက်နိုင်ကြောင်းပေါ့။

ဒါပေမယ့် ငါက ဘာပြဿနာမှန်းကိုမသိဘူး။ သူက မွေးခါစတုန်းက အရမ်းကြောက်ဖို့ကောင်းခဲ့တယ် ဆိုပေမယ့် ငါက ပြုစုပျိုးထောင်လာတာလေ။ ငါသူ့ကို ကောင်းကောင်းသိတယ်လို့ ထင်တယ်။ သူက အမြဲ နာနာခံခံနဲ့ လိမ္မာတဲ့ကလေးဖြစ်ခဲ့တာ။

Monster {Completed}Tempat cerita menjadi hidup. Temukan sekarang