အပိုင်း ၂၆ - ပြိုလဲခြင်း

814 165 43
                                    

Unicode

ဖုန့်ဟွာရဲ့ နှလုံးသားက စူးအောင့်မှုဖြင့် နာကျင်လာသည်။ နောက်တစ်ခဏမှာပဲ သူ့ခန္ဓာက အိပ်ရာကနေပျောက်သွားတော့သည်။

သူက သူ့မျက်လုံးနဲ့တင် ဖုန့်ယဲ့ရန်တစ်ယောက် အလွန်လျင်မြန်သော အရှိန်ဖြင့် ကျလာသည်ကို မြင်လိုက်ရသည်။

သူမှာ တုန့်ပြန်ချိန်မရှိပါချေ။ သူ့လူသားပုံသက္ဍာန်သည် အစိတ်စိတ်အမွှာမွှာကွဲထွက်သွားပြီး မရေတွက်နိုင်သည့် လက်တံတွေက ကြီးထွားလာခဲ့သည်။ အဲ့သည်အရာတွေက လေထဲက ထိုလူကို ရစ်ပတ်ကာကွယ်ရင်း မြေကြီးပေါ်ကို ငြင်ငြင်သာသာချပေးလာသည်။

"ယဲ့အာ...ယဲ့အာ... အဆင်ပြေရဲ့လား"

ဖုန့်ဟွာရဲ့ မျက်နှာတစ်ဝက်သည်သာ လူသားပုံစံ၌ တည်နေပါသည်။

"...ဖုန့်....ဟွာ...."

ဖုန့်ဟွာက ရူးသွပ်သွားတော့မယောင်ပင်။ သူ့မျက်ဝန်းတွေက နီရဲနေလျက်။ "ဘာဖြစ်နေတာလဲ ခင်ဗျားက? ဘာလို့ ခုန်ချခဲ့တာလဲ? ကျွန်တော်နဲ့ အတူရှိရမှာကို ဒီလောက်တောင်မုန်းလား? ကျွန်တော့ကိုရော ဒီလောက်တောင် မုန်းနေလား? ကျွန်တော်သာ တစ်စက္ကန့်နောက်ကျသွားမယ်ဆိုရင် ခင်ဗျား..."

"ဖုန့်ဟွာ... အကုန်...ပြီးသွားပြီ"

"ဘာ????"

ထိုအချိန်တွင် ဖုန့်ယဲ့ရန်သည် ဝမ်းနည်းစရာကောင်းပြီး ဖျော့တော့ကာ ကြောက်ဖို့လည်းကောင်းသည့် ခေါင်းလောင်းသံကို ကြားလိုက်ရသည်။

တုန်...တုန်...

မြင့်မြတ်တယ်.... ဒါပေမယ့် လေးလံလှပြီး တုန်လှုပ်စရာလည်း ကောင်းလှသည်။

သူက ခေါင်းကိုက်သည်သည်။ နောက်ဆုံးတော့ သူသည် ထိုခေါင်းလောင်းသံတွေကို ဘာလို့ကြောက်လဲဆိုတာကို နားလည်လာပြီထင်သည်။

ဖုန့်ယဲ့ရန်က ဖုန့်ဟွာကို ဖြူဖျော့နေသည့် မျက်နှာမှာ အပြုံးတစ်ပွင့်ဆင်မြန်းရင်း ကြည့်လာသည်။ "တကယ်တော့ ကိုယ်မေ့နေတာ... ဒါပေမယ့်.... ခုန်ချလိုက်တော့... သတိရသွားပြီ..."

"ဘာတွေပြောနေတာလဲ?" ဖုန့်ဟွာအသံက လုံးဝကို စူးရှနေသည်။ ဘုရားသခင်သာ သူဘယ်လောက်နာကျင်နေလဲဆိုတာကို သိနိုင်ပေလိမ့်မည်။

Monster {Completed}Where stories live. Discover now