အပိုင်း ၁၆ - သစ္စာဖောက်ခြင်း

869 196 2
                                    

Unicode

ဖုန့်ဟွာကကားမောင်းနေပြီး ဖုန့်ယဲ့ရန်ကတော့ ဘေးထိုင်ခုံမှာထိုင်လိုက်လာနေသည်။ သူ့ခန္ဓာကိုယ်က ယခုတော့ သန့်ရှင်းသည့် အဝတ်တွေလဲထားပြီဖြစ်ပြီး ခပ်ထူထူစောင်တစ်ထည် ပတ်ထားခံရသည်။

"ချာတိတ်... မင်းကားကောင်းကောင်းမာင်းတတ်မှန်း အခုမှ ကိုယ်သိရပါလား?"

"ကျွန်တော့်ကို ချာတိတ်လို့မခေါ်နဲ့။"

"အို?"

"စကားမများတော့ဘဲ အိပ်တော့။ နောက်နှစ်နာရီတောင်ထပ်မောင်းရဦးမှာ။ အဲ့နေရာမှာ ရေကန်လည်းရှိတယ်။ ပန်းခြံလည်းရှိတယ်။ ပြီးတော့ ရေပူစမ်းတွေရောပဲ။ ကျွန်တော် အဲ့က စားဖိုမှူးကို ခင်ဗျားအတွက်အရသာရှိတာတွေ ချက်ခိုင်းလိုက်မယ်။ ခင်ဗျားအကြိုက် ချယ်ရီသီးတွေတင်ထားတဲ့ ကိတ်သေးသေးလေးတစ်လုံးလည်း ပြင်ထားသေးတယ်။ ခင်ဗျားမအိပ်ခင်သောက်ဖို့ နွားနို့ပူပူလေးတစ်ခွက်ရော..."

"မင်းကိုယ့်ကို ဝက်တစ်ကောင်ဖြစ်အောင် ကျွေးမွေးနေတာလား?"

ဖုန့်ဟွာက အတည်ကြီး ပြန်ဖြေရှာ၏။ "မဟုတ်ဘူး။ ညစာစားပြီးရင် ခင်ဗျားလေးနဲ့အတူ လမ်းလျှောက်ပါထွက်ဦးမှာ"

"ရဲတွေက ကိုယ့်ကိုလာဖမ်းမှာလား"

"မလာဘူး။ ယဲ့အာက ဒီစာရွက်စာတမ်းတွေရဲ့ ပိုင်ရှင်ပဲလေ။ ယဲ့အာက အပြစ်ကင်းပါတယ်။ အကုန်အဆင်ပြေသွားမှာပါ"

"သေချာလို့လား" ဖုန့်ယဲ့ရန်က တစ်ကမ္ဘာလုံးကို သောက်ဂရုမစိုက်သည့် အပြုံးလေးနှင့်မေးးလာသည်။ သူက သန်းဝေလိုက်၏။

"ကိုယ်အိပ်ဦးမယ်။ ရောက်ရင်ခေါ်လိုက်"

ဒီတစ်ကြိမ်မှာတော့ သူ့အတွက် အိပ်စက်ရခြင်းသည် မလွယ်ကူပါချေ။ အိမ်မက်ဆိုးတွေသည် တစ်ကောက်ကောက်လိုက်နှိပ်စက်နေကာ သူ့အိပ်မက်ထဲတွင်ပင် အော်နိုင်သည့်ပုံမရှိ။ ရံဖန်ရံခါ ဖုန့်ဟွာက ကားကို လမ်းဘေးချရပ်ကာ သူ့ကို ချွေးသုတ်ပေးရသည်။ နောက်ပိုင်းတော့ ဖုန့်ယဲ့ရန်၏လက်ကို တောက်လျှောက်ကိုင်ထားလိုက်ချိန်မှ အကြင်သူမှာ ငြိမ်ကျသွားလေသည်။

Monster {Completed}Where stories live. Discover now