အပိုင်း ၂၉ - မီးခိုးခေါင်းတိုင်

629 136 11
                                    

Unicode

ဖုန့်ဟွာက မြေရိုင်းထဲမှာ လမ်းလျှောက်နေသည်။ ကုန်းမြေက ကွဲအက်နေပြီး အနက်ရောင် အပျက်အစီးတွေက ကောင်းကင်ပေါ်မှာ နှင်းပွင့်တွေလို လွင့်မြောနေသည်။

သူက ကမ္ဘာကြီးရဲ့ အဆုံးသတ်မှာရပ်နေသည်။ လေအေးတွေ တိုက်ခက်နေပြီး ကျောက်စွန်းအောက်မှာတော့ နက်ရှိုင်းသည့် မဟူရာချောက်ကြီးက စောင့်နေသည်။ အနက်ကတော့ သူဘယ်လောက် မည်းမှောင်နေလဲဆိုသည်အပေါ်မူတည်လိမ့်မည်။

ဒါဘယ်နေရာလဲ? အခုက ဘယ်လလဲ? ဘယ်နေ့ရက်လဲ? ဘာလို့ ငါက ဒီနေရာရောက်နေတာလဲ?

သိပ်မဝေးတဲ့နေရာမှာ စွန့်ပစ်ခံ သတင်းစာစင်တစ်ခုကိုတွေ့လိုက်ရသည်။

ဖုန့်ဟွာက အဲ့ဒီကိုလမ်းလျှောက်သွားရင်း သတင်းစာတစ်စောင်ကို ကောက်ကိုင်လိုက်သည်။ ဖတ်ကြည့်တော့ ဒီဇင်ဘာ ၂၀၊ ၂၂၄၁ လို့ရေးထားသည်။

ရုတ်တရက် သူ့ခေါင်းက မူးဝေလာပြီး နားတွေကလည်း အူထွက်လာသည်။ အာ... သူ ခေါင်းလောင်းသံကြားရပြီ။

တုန်...တုန်....တုန်....တုန်...

ဖုန့်ဟွာက သတင်းစာစင်ကို မှီချလိုက်ရင်း အသက်ကို ခပ်မြန်မြန်ရှူသွင်းနေမိသည်။

ကလေးတွေရဲ့ ပျော်ရွှင်နေတဲ့အသံက ငွေရောင် ဆည်းလည်းလေးတွေကို မြည်လာသည်။

ကလေးတစ်အုပ်က လက်ဝါးကပ်တိုင်ပေါ် ကနေခြင်းပင်။ သူတို့က ရယ်မော၊ စနောက်ပြီး ခုန်ကနေကြသည်။

အသိပေးချင်းတစ်ချက်မရှိပါပဲ သူတို့က ရုတ်တရက်ကြီး ဖုန့်ဟွာကို လှည့်ငေးကြည့်လာကြသည်။

ထိုကလေးများတွင် ဆွမေးနေတဲ့ မျက်လုံး၊ ခနဲ့နေသည့် မျက်လုံး နှင့် ကြောက်ဖို့ကောင်းသော မျက်လုံးများရှိသည်။

ဖုန့်ဟွာလက်နဲ့ ခြေထောက်တွေက ပိုပိုပြီး လျှင်မြန်စွာ ပိန်ပါးလာကာ သေးလာပြီး ကလေးတစ်ယောက်ဖြစ်လာသည်။ သနားစရာကောင်းသော သားကောင်ငယ်လေးကဲ့သို့ပင်။ သူက ကြောက်လန့်စွာ ထွက်ပြေးတော့ လက်ဝါးကပ်တိုင်ပေါ်ကနေကြသည့် တစ္ဆေတွေက သူ့နောက်ကို ရူးသွပ်စွာလိုက်လာကြသည်။

Monster {Completed}Where stories live. Discover now