အပိုင်း ၁၇ - အလှည့်အပြောင်း

849 187 14
                                    

Unicode

ချန်ရွှမ်သေသွားပြီ။ သေဆုံးရသည့်အကြောင်းအရင်းကတော့ နှလုံးရောဂါပင်။ ရှင်းရှင်းလင်းလင်းပြောရရင် ရုတ်တရက်သေဆုံးခြင်း။

ဖုန့်ယဲ့ရန်က သူမကို ဘယ်နည်းနှင့်မဆို တွေ့ချင်ခဲ့သည်။ ထို့ကြောင့် ရဲအရာရှိတစ်ချို့က သူ့ကိုစောင့်ကြပ်ရင်း အသုဘအခမ်းအနားကို လိုက်ပို့ခဲ့သည်။

လုံးဝကိုမယုံကြည်နိုင်စရာပင်။ မနေ့ကပင် သူ့ရှေ့၌ မတ်တပ်ရက်လျက်ရှိခဲ့သော သူမ၊ လွန်ခဲ့တဲ့တစ်ပတ်ကပင် သူ့ကို ညုတုတုမြှူဆွယ်ကာ ပွေ့ဖက်နမ်းရှုပ်ခဲ့သော သူမ၊ နှစ်ပေါင်းများစွာကပင် သူချစ်မြတ်နိုးခဲ့ရပြီး ယခုတော့ အလွန့်ကို မုန်းတီးရပါသည့် သူမသည် ယခုတော့ သေးငယ်လှပါသော ပိုးသားအိပ်ရာပေါ်တွင် လဲလျောင်းလျက်ရှိသည်။ သူမ၏ ခေါင်းထက်တွင်တော့ စက်ဝိုင်းပုံစခရင်တစ်ခုရှိပြီး သူမဘဝအကြောင်း ဖြစ်သည့် သူမဘယ်ကျောင်းတွင်တက်ခဲ့ကြောင်း၊ သူမရရှိခဲ့သော ဆုများအကြောင်းကို ခပ်ရွရွပြေးနေသည့် စာကြောင်းများဖြင့် ဖော်ပြထားလေသည်။ သူမကိုယ်တိုင်ကတော့ အဝတ်ဖြူနှင့် ဖုံးအုပ်ခံထားရပြီး သူမ၏ ဖြူဖျော့ဖျော့အသားအရေသည် အသက်မဲ့စွာ ပြာနေသည်။

ဖုန့်ယဲ့ရန်က သူမရှေ့တွင် အိမ်မက်ပမာမတ်တပ်ရပ်နေမိသည်။ ရုတ်တရက် သူမကို သွားနိုးချင်မိပါ၏။ ထိုခဏလေးတွင် သူသိမ်းဆည်းခဲ့ပါသော အမုန်းများသည် ပြယ်လွင့်သွားရှာသည်။ ယခုအချိန်သည် သာမာန်မနက်ခင်းတစ်ခုတွင် သူမက မိတ်ကပ်ဖျက်ထားပြီး နက်နက်ရှိုင်းရှိုင်းအိပ်ပျော်နေလျက် ရှိတာကြောင့် အကြိမ်ပေါင်းများစွာခေါ်နိုးပြီး သူမမျက်လုံးတွေပွင့်ဟလာကာ ပြန်အိပ်သွားသယောင်ပင်။

သူက သူမ၏အရေပြားကို အသာထိကာ နိုးရန်စတင်လိုက်ပေမယ့် သူ့လက်တွေသည် ပုတ်ထုတ်ခံလိုက်ရသည်။

"ဘယ်သူကများ သူမကို ထိခွင့်ပေးလို့လဲ" ဖုန့်ပေါ်ရန်၏ အသံပင်။

ဖုန့်ယဲ့ရန်က သူ့ခေါင်းကို ပင့်မလိုက်ရင်း သူက တစ်ဖက်လူကို ကောင်းစွာ မမြင်ရမှန်း သတိပြုမိလိုက်သည်။ သူက ထိုသည်ကိုလည်း သိပ်ဂရုစိုက်သည် မဟုတ်ပါချေ။ သူက ဒီအတိုင်းငေးကြောင်နေလျက်သား။ သူယခုတွေးနေသည်က သူထိခဲ့သော အရေပြားတစ်စသည် အေးစက်ကာ အနွေးဓာတ်ပယ်ကွာနေသော မာတောင့်ကြမ်းထော်နေသည့် အရေပြားတစ်စသာ ဖြစ်ပါကြောင်းပင်။

Monster {Completed}Where stories live. Discover now