အပိုင်း ၂၉ - မီးခိုးခေါင်းတိုင်

647 138 19
                                    

Unicode

ဖုန့်ဟွာက မျက်လုံးဖွင့်လိုက်သည်။ အဖြူရောင်အရိပ်လေးက သူ့မျက်စိရှေ့မှာရှိနေသည်။

အဖြူရောင်အရိပ်လေးကမျောနေရင်း ဖုန့်ဟွာမျက်နှာကို လာဆုပ်ကိုင်ထားသည်။ "ဖုန့်ဟွာ ငါလည်း နတ်သမီးပုံပြင် 'မကောင်းဆိုးဝါးနဲ့ မင်းသားလေး' ကို ကြားဖူးထားတယ်။ ငါသိတဲ့ ပုံပြင်ကတော့ သူပြောတာထက် အများကြီးသိမ်မွေ့တယ်။ အရမ်း ရိုမန့်ဆန်ပြီး ရင်ထဲထိတဲ့ ဇာတ်လမ်းလေး။ ငါပြောပြမယ်။"

ဟင့်အင်း!

နားမထောင်နိုင်ဘူး!

နားမထောင်ဘူး!

သို့ပေသိ အဖြူရောင်အရိပ်လေးရဲ့ အသံက ဖုန့်ဟွာရဲ့ နှလုံးသားထဲကို တိုက်ရိုက်စီးဆင်းလာသလိုမျိုး နားထဲကို ဝင်ရောက်လာခဲ့သည်။

"ရှေး...ရှေးတုန်းက ကုမရအောင် ဖျားနာနေတဲ့ မင်းသားလေးတစ်ပါးရှိတယ်တဲ့။ သူတောထဲကနေ မျိုးစေ့တစ်ခုကောက်လာပြီး အဲ့ဒါက မကောင်းဆိုးဝါးအနေနဲ့ မွေးဖွားလာတယ်တဲ့။ မကောင်းဆိုးဝါးက ရုပ်ဆိုးလွန်းပြီး ကြောက်ဖို့ကောင်းကာ ရက်စက်တတ်ပေမယ့် မင်းသားလေးရဲ့အချစ်ကို လိုချင်တယ်တဲ့။ သူက မင်းသားလေး သူ့ထက်ဘယ်သူ့ကိုမှ ပိုချစ်တာကို သည်းမခံနိုင်ဘူး။ ဒါကြောင့် သူက မင်းသားလေးက ငှက်၊ ယုန်၊ ခွေးနဲ့ မင်းသားလေးရဲ့ အစ်ကိုကိုပါမချန်၊ မင်းသားရဲ့ ချစ်တဲ့ မင်းသမီးလေးကိုရော အကုန်စားပစ်လိုက်တယ်။(မင်းသားလေးက မုန်းတယ်)တစ်ချိန်ထဲမှာပဲ မင်းသားလေးနဲ့အချိန်ဖြုန်းရတာကို အလွန့်ကို ပျော်ရွှင်ခဲ့တယ်။ အဲ့ဒါက မင်းသားလေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပြီး ကိုယ်ပိုင်ဘဝအပါအဝင်အကုန်လုံးကို ဖြည့်ဆည်းပေးခဲ့တယ်? (မင်းသားလေးက မုန်းတယ်) စစ်ဖြစ်တဲ့အချိန်မှာလည်း သူက မင်းသားလေးကို ကာကွယ်ပေးခဲ့တယ်။ (နောက်ဆုံးတော့မင်းသာ‌လေးက ထွက်သွားတာပါပဲ) အရမ်းကို ဖျားသွားခဲ့တယ်။ (မင်းသားလေးက အဲ့ဒါကို ကာကွယ်ပြီး ဂရုစိုက်ပေးချင်တယ်) အဲ့အရာက အချစ်ကို မရေတွက်နိုင်အောင် တောင်းဆိုခဲ့တယ်။ (မင်းသားက ချစ်ဖို့ရွေးခဲ့တယ်) (မင်းသားက ချစ်မိသွားတယ်)

Monster {Completed}Where stories live. Discover now