အပိုင်း ၇ - အငွေ့အသက်

1.1K 256 6
                                    

Unicode

ဒီညမှာ ဖုန့်ယဲ့ရန်က မကောင်းဆိုးဝါးလေးကို အိမ်ပြန်ခေါ်လာခဲ့သည်။

သူအခန်းက နည်းနည်းတော့ ရှုပ်ပွနေသည်။ စာအုပ်တွေက စားပွဲပေါ်မှာ ရှုပ်ပွနေကာ ဆိုဖာနဲ့ ကောဇောတွေပေါ်မှာလည်း အဝတ်တွေက ပွထနေလေသည်မှာ အဝါရောင် မီ‌းရောင်အောက်က အမှိုက်ပုံးအလားပင်။

မကောင်းဆိုးဝါးလေးကတော့ တော်တော်လေး ပျော်နေလေသည်။ သူက ဆိုဖာပေါ်က အရာတချို့ကို အောက်ချလိုက်ကာ အပေါက်တစ်ခုတူးလိုက်ပြီး သူ့ခြေထောက်တွေကို သက်တောင့်သက်သာ ချထားလို့ရမယ့် နေရာကို ရှာနေလေသည်။ သူ့က ခေါင်းချလိုက်ရင်း စိတ်မကျေမနပ်မှုနဲ့ ဒေါသတွေကို မှုတ်ထုတ်လိုက်ကာ သန့်ရှင်းလတ်ဆတ်တဲ့ လေတွေကို ပြန်လည်ရှူရှိုက်လိုက်လေသည်။

ဖုန့်ယဲ့ရန်က နို့ပူပူလေးတစ်ခွက်ကိုယူလာကာ ကလေးတစ်ယောက်လို တစ်ငုံချင်းသောက်နေရင်း ရံဖန်ရံခါ 'ပူတယ်' ဆိုကာ လျှာတစ်လျစ်ထုတ်လျက် ယပ်ခပ်နေသည့် ကောင်လေးကို ကြည့်နေမိသည်။ ဖုန့်ယဲ့ရန်က ပထမဆုံးအကြိမ်အနေနဲ့ နို့သောက်ဖူးတာလားလို့ တွေးမိသွားသည်။ တကယ်က သူလျှပ်စစ်အကျဥ်းထောင်မှာ နေနေရတုန်းက ကြွက်သားတုံးသက်သက်ဖြစ်နေစဥ်က ဖုန့်ယဲ့ရန် သောက်နေတာကို မြင်ရဖူးသည်။ သူက ဘာအရိုးမှမထွက်သေးဘဲ မျက်လုံးကလည်း သေးသေးလေးပဲရှိကာ ခြေလက်တွေလည်း မထွက်သေးချေ။ သူက ကြွက်သားတစ်ချို့ကို ဆန့်ထုတ်ကာ နို့ကို ဖြေးညင်းစွာထည့်လိုက်မိချိန်မှာတော့ အရည်ရဲ့ အပူချိန်ကြောင့် လန့်ဖြန့်သွားကာ သူ့တစ်ကိုယ်လုံး အနောက်ကို ခုန်ဆုတ်လျက် သူ့မျက်လုံးသေးသေးလေးတွေတောင် ပိတ်လျက်ကျသွားရသည်။

"မင်းက တကယ့် အံ့ဖွယ်ပဲရော..."

ဖုန့်ယဲ့ရန်က သက်ပြင်းချလိုက်မိသည်။ သူက မတတ်နိုင်ဘဲ အရင်လို ဆံပင်ကောက်ကောက်တွေကို ထိုးဖွဖို့လုပ်လိုက်လေသည်။ သူ့အသံက နောင်တတစ်ချို့‌ရောယှက်နေပြီး စီးမျှောနေသည်။

"တောင်းပန်ပါတယ်နော်... မင်းရဲ့ ဆံပင်တွေကို ကိုယ်ရိတ်မိလိုက်တယ်။ မင်းမှာ တကယ့်ကို လှတဲ့ ဆံပင်တွေရှိခဲ့တာကို"

Monster {Completed}Where stories live. Discover now