အပိုင်း ၂၁ - နွေး‌ထွေးမှု

799 170 9
                                    

Unicode

နွေရာသီက တိုတောင်းပေမယ့် အလွန့်အလွန်လှပလွန်းလှသည်။ ရေခဲတွေအရည်ပျော်ပြီးနောက် နှင်းတွေလည်း ပျောက်ကွယ်လာပြီး အဝါရောင်မြက်တွေလည်း တဖြည်းဖြည်းအစိမ်းရောင်ကို ပြောင်းလာချေပြီ။ အဖြူရောင် မက်မွန်ပွင့်တွေနှင့် နွေဦးပန်းပွင့်လေးတွေကလည်း တဖြည်းဖြည်း ပွင့်လာတော့မည်ဖြစ်ကာ ငှက်ကလေးတွေကလည်း နေရောင်ကို လာခိုလှုံကြပြီဖြစ်သည်။ အတိတ်က ကြောက်ရွံ့မှုတွေသည် နွေဦး၏ရောင်စုံကြားတွင် အစအနမကျန် မြှုပ်နှံခံလိုက်ရပြီဖြစ်သည်။

ဖုန့်ယဲ့ရန်နှင့် ဖုန့်ဟွာသည် မကောင်းသည့်အရာအားလုံးကို မေ့ပျောက်နိုင်သည့်ဟန်ပင်။ ဖုန့်ယဲ့ရန်သည် ချန်ရွှမ်နှင့် ဖုန့်ပေါ်ရန်အကြောင်း စကားပင်မစလာတော့ချေ။ ဖုန့်ဟွာ၏ ကျန်းမာရေးအကြောင်းလည်း သူမမေးတော့သည့်ထဲတွင်ပါသည်။ ဖုန့်ဟွာသည်လည်း ရှောင်ကျီကျဲတည်ရှိမှုကို သဘာဝကျကျပင် မေ့ပျောက်ထားခဲ့၏။ သူတို့သည် အတိတ်ကို ပြန်ရောက်သွားသယောင်ဖြစ်လာပြီး ဖုန့်ဟွာသည်လည်း ကလေးတစ်ယောက်ပြန်ဖြစ်လာကာ နိမ့်နိမ့်ချချနှင့် နှစ်လိုဖွယ်ပြန်ဖြစ်လာသည်။

ဖုန့်ယဲ့ရန်က ဟင်းချက်ပြီးဖုန့်ဟွာက ပန်းကန်ဆေး၏။ ဖုန့်ယဲ့ရန်က တီဗီကြည့်ရင် ဖုန့်ဟွာက ပေါင်ကို ခေါင်းအုံးလျက် ရုပ်ပြဖတ်တတ်သည်။ ဖုန့်ယဲ့ရန်က တစ်ရေးတစ်မောအိပ်ရင် ဖုန့်ဟွာက သူ့ဘေးနား ကွေးကွေးလေးဝင်လှဲမည်ဖြစ်သည်။ ဖုန့်ယဲ့ရန်က ဒိုင်ယာရီရေးနေပါက ဖုန့်ဟွာသည် ကျောချင်းကပ်မှီလျက် တစ်ရေးအိပ်ပါလိမ့်မည်။ ဖုန့်ယဲ့ရန်ရေချိုးပြီးလျှင် သူသည် ဖုန့်ဟွာကို ခေါင်းလျှော်ပေးလိမ့်မည်။ ဖုန့်ဟွာက ရှုပ်ထွေးမှုတွေခံစားလာရချိန်တော့ ဆေးတိုက်ပြီး ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို လိုက်ပို့ကာ ဖုန့်ယဲ့ရန်ကတော့ အမြဲတမ်းဘေးမှာရှိပေးနေမည်ဖြစ်သည်။ ဖုန့်ယဲ့ရန် အစာအိမ်နာလာချိန်တွင်လည်း ဖုန့်ဟွာသည်သူ့ကို ပွေ့ဖက်ကာ ကုသ...

နေ့လယ်စာစားပြီးချိန်မှာ ဖုန့်ယဲ့ရန်က ဆိုဖာပေါ်တွင်အိပ်ပျော်နေ၏။

ယခုမှ ပန်းကန်ဆေးပြီးလာသည့် ဖုန့်ဟွာကတော့ ဖုန့်ယဲ့ရန်ဘေးမှာ ဆောင့်ကြောင့်ထိုင်ကာ သူ့ရဲ့ အနည်းငယ်ပင်ပန်းလှစွာသော မျက်နှာကို စူးစမ်းနေမိသည်။ သူ့ဆံပင်တစ်ချို့သည် မျက်ဝန်းကို ဖုံးအုပ်ထားလျက်ရှိပေမယ့် မြင်တွေ့နေရသည့်တစ်ချို့ကတော့ နှုတ်ခမ်းခြောက်စေနိုင်လေသည်။

Monster {Completed}Waar verhalen tot leven komen. Ontdek het nu