အပိုင်း ၅ - မနာလိုခြင်း

1.3K 267 9
                                    

Unicode

"အပျော်လာရှာပြန်ပြီလား" ရင်းနှီတဲ့အသံနဲ့ ထိုယောက်ျားက ပြောလာလေသည်။ သူက ဖုန့်ယဲ့ရန်နဲ့ ကလေးကို တစ်ချက်ကြည့်ပြီး ဖုန့်ယဲ့ရန်ကို တစ်ချက်ဖက်လိုက်ကာ လှောင်ပြောင်လျက်ဆိုလေသည်။ "ဘာလဲ... ငါမင်းကို မတွေ့တာ ဘယ်လောက်မှမရှိသေးဘူး။ မင်းက ကလေးတစ်ယောက်တောင် ရသွားပြီပေါ့။"

ဖုန့်ယဲ့ရန်ရဲ့ ခန္ဓာကိုယ်က မသိမသာ တုန်ယင်နေသည်။ သူက ယောက်ျားကြီးကိုလုံးဝမကြည့်ဘဲ မိန်းမဆီမှာသာ အကြည့်တွေကို ကျောက်ချထားလေသည်။ မိန်းမက လုံးဝရှက်နေပုံနဲ့ ယောက်ျားရဲ့လက်ကို ဆွဲကိုင်ကာပြောလာလေ၏။

"ဒီလောက်ဆိုရပါပြီ.. သွားကြရအောင်ပါ။ ကျွန်မတို့နောက်ကျတော့မယ်လေ"

"အဖေ တလောက ဆေးရုံတက်လိုက်ရသေးတယ်။ မင်းပြန်လာတာမတွေ့တော့... အာ ဟုတ်သား... သူက မင့်အဖေမှမဟုတ်တော့တာ"

"ကျွန်တော်သတင်းမရခဲ့ဘူး" ဖုန့်ယဲ့ရန်ကပြောသည်။

"ဘယ်သောက်ရူးက မင်းကို သတင်းပို့မှာလဲ။ အဖေက မင်းကို ထပ်တွေ့ရင်ဒေါသထွက်လွန်းလို့ တစ်ခါတည်းတောင်သေသွားနိုင်တာကို။ ကိုယ့်ဘာသာ လျှောက်လည်နေပြီး အချိန်ဖြုန်းနေစမ်းပါ။"

မိန်းမက ဖုန့်ယဲ့ရန်ကို တစ်ချက်ကြည့်လိုက်ပြီး ယောက်ျားကို ထပ်ပြောလေသည်။

"တော်လောက်ပြီလို့.. သွားမယ်... သွားကြမယ်"

ယောက်ျားက ကျွတ် တစ်ချက်စုပ်သတ်လိုက်ကာ မိန်းမနဲ့အတူထွက်သွားလေသည်။

သူတို့မြင်ကွင်းက ထွက်သွားချိန်မှာတော့ ဖုန့်ယဲ့ရန်က ရုတ်တရက်မြေပြင်ပေါ် ဒူးထောက်ကျသွားလေသည်။ သူ့မျက်နှာက တွန့်လိမ်နေပြီး သေချာပေါက်ကို အစာအိမ်က ပြန်နာနေပြီဖြစ်သည်။ ဖုန့်ဟွာက သူ့ကို ခပ်တင်းတင်းဖက်ထားပြီး ရေနွေးနွေးလေးကို အတင်းတိုက်နေသည်။ နာရီဝက်လောက်အကြာမှ သူပြန်နေကောင်းသွားလေသည်။

သူက လမ်းဘေးက ထိုင်ခုံလေးတစ်ခုမှာ ထိုင်နေကာ သူ့မျက်နှာက ဖြူဖျော့နေပြီး နှဖူးမှာချွေးစေးတွေ ပြန်နေလေသည်။

Monster {Completed}Where stories live. Discover now