အခန်း ၂၈ - တံခါးနဲ့ ပြတင်းပေါက်

695 128 24
                                    

Unicode

ဒိုင်ယာရီ ၃

*

ပန်းသီးတွေကို အနီရောင်ဆိုးပစ်တယ်။

လိပ်ပြာတွေကို အနက်ရောင်ဆိုးလိုက်တယ်။

နေရောင်ခြည်ကို ရွှေရောင်ထပ်ဆိုးလိုက်တယ်။

ပြတင်းပေါက်ကို ရောင်စုံ ဆိုးလိုက်တယ်။

ခင်ဗျားက အရောင်တွေကို ကြိုက်တယ်။ အရမ်းမိုက်တယ်လို့ ပြောခဲ့တယ်။

ကျွန်တော် အရောင်တွေဖြစ်လာတယ်။

ကျွန်တော် အနီရောင်ပန်းသီးဖြစ်လာတယ်။ အနက်ရောင် လိပ်ပြာဖြစ်လာတယ်။ ရွှေရောင်နေရောင်ခြည် ဖြစ်လာတယ်။

ခင်ဗျားသဘောကျတာမှန်သမျှ ကျွန်တော်ဖြစ်လာတယ်။

ကျွန်တော်က ခင်ဗျားဖြစ်လာတယ်။

*

ဇန်နဝါရီ ၂၂၄၂။ နှင်းထန်သည်။

ဘုရားကျောင်းထဲမှာ ထိုင်နေရင်း ဘုန်းတော်ကြီးရဲ့ ဆုတောင်းကို နားထောင်နေတယ်။

ဘုန်းတော်ကြီးက လက်ဝါးကပ်တိုင်ပုံလည်ဆွဲဆွဲထားတယ်။ သူ့နောက်မှာ လက်ဝါးကပ်တိုင်အကြီးကြီးရှိတယ်။

အရောင်ဆိုးထားတဲ့ ပြတင်းပေါက်တွေက ရုပ်စုံမှန်ပြောင်းလိုပဲ။ အရောင်စုံပြီး မူးဝေဝေတောင်ဖြစ်လာစေတယ်။ ခင်ဗျားကြိုက်တဲ့ အရောင်တွေလိုမျိုး။

ကျွန်တော် အဲ့မှာ လက်ဝါးကပ်တိုင်တွေ အများကြီးတွေ့တယ်။

ရောင်စုံပြတင်းပေါက်စီတည့်တည့်လျှောက်သွားပြီးချိန်မှာတော့ ကျွန်တော် ခင်ဗျားကိုတွေ့တယ်။

ပြတင်းပေါက်က ပြန့်ကျဲသွားတယ်။

အဲ့ဒါက မရေတွက်နိုင်တဲ့ လိပ်ပြာတွေဖြစ်လာတယ်။ အနက်ရောင်လိပ်ပြာတွေ။

ယဲ့အာ... နောက်ဆုံးတော့ ခင်ဗျားဒီရောက်လာပြီပဲ။ ကျွန်တော်ခင်ဗျားကိုစောင့်နေတာ အရမ်းကြာနေပြီ။

ကျွန်တော်တို့ အတူတူ ဘုန်းတော်ကြီးရဲ့ ဆုတောင်းကို နားထောင်ခဲ့ကြတယ်။

ခင်ဗျား အိပ်ပျော်သွားတယ်။

အနက်ရောင် လိပ်ပြာလေးက ပင့်ကူအိမ်မှာ ကပ်ညှိသွားတယ်။

Monster {Completed}Où les histoires vivent. Découvrez maintenant