အပိုင်း ၁၅ - ထုတ်ဖော်ခြင်း

839 203 22
                                    

Unicode

တစ်ချိန်ထဲမှာပဲ ဟိုတည်အခန်းအောက်တွင်...

ဖုန့်ဟွာဖုန်းမြည်လာသည်။ ခေါ်ဆိုသူမှာ ‌ေရှာင်...

"ဘာလဲ"

"မင်းယဲ့အာက ချန်ရွှမ်နဲ့ အခန်းတစ်ခန်းထဲဝင်သွားတယ်နော်"

"ဒါပြောဖို့ဆိုရင် ဖုန်းမဆက်နဲ့"

"အို... မင်းက ငါ့အကြံကို လက်မခံဘူးပေါ့"

"စိတ်မဝင်စားဘူး"

"ဖုန့်ဟွာ... မင်းကတကယ့်ကို ငကြောက်ပဲ။ ငါမင်းကို အကြိမ်ရာထောင်ချီ သနားတယ်။ ပြီးတော့ မင်းသူ့ကို မလိုချင်ဘူးလား"

"ငါလက်ေလျှာ့တော့မလို့"

"တကယ်ကြီးလား"

"ဟမ့်.... ငါနောက်တာ... ငါသာ လက်ေလျှာ့နိုင်ရင်ပေါ့"

"မင်းဒီလိုပြောမယ်မှန်းသိသားပဲ။ ပြောကြည့်စမ်း မစ္စတာ သူတော်ကောင်းလေး။ မင်းသူ့ကို ပြန်မလိုချင်ဘူးလား? မင်းသူ့ကို တစ်ခုခုလေးများမလုပ်ပေးချင်ဘူးလား? အမေရိကားမှာ မင်းကြီးကြီးကျယ်ကျယ်ပြောခဲ့တဲ့ ရည်မှန်းချက်ကြီးက ဘယ်ရောက်သွားပြီလဲ? အကုန်အလိမ်အညာတွေလား?"

"..."

"အရူး... မင်းက ချန်ရွှမ်နဲ့ မင်းရဲ့ ယဲ့အာကို ဘဝရဲ့ အထွတ်အထိပ်ရောက်အောင်ပို့ပေးလိုက်တယ်။ မင်းဘာဆက်လုပ်သင့်လဲသိလား? လွယ်ပါတယ်။ သူတို့ကို ပြန်ပစ်ချလိုက်လေ... မင်းယဲ့အာက သူတို့ပတ်သက်မှုက ဘယ်လောက်တောင် ဆိုးရွားစုတ်ပြတ်သတ်ပြီး သူ့မှာ မင်းတစ်ယောက်တည်းဘယ်လောက် အရေးကြီးလဲဆိုတာ သိလာ..."

"‌တော်လိုက်တော့... ငါ ယဲ့အာကို ဆန့်ကျင်ပြီးဘာမှလုပ်မှာ မဟုတ်ဘူး"

ပြောပြီးတာနဲ့ ဖုန့်ဟွာက ဖုန်းချလိုက်လေသည်။

.....

ချန်ရွှမ်က စခရင်ကို ငေးကြည့်နေသည်။ သူက confirm ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် ဖုန့်ယဲ့ရန်ရဲ့ လျှို့ဝှက်သတင်းတွေကို အပြည့်အစုံရနိုင်ပြီဖြစ်သည်။ တစ်ချိန်ထဲမှာပဲ ဗိုင်းရပ်တစ်ခုဝင်သွားပြီး မူလဖိုင်တွေကို ဖျက်ဆီးက မပြည့်စုံတဲ့ ဟာသသက်သက် စာရွက်တွေကို ချန်ထားခဲ့မည်ဖြစ်သည်။

Monster {Completed}Where stories live. Discover now