အပိုင်း ၁၆ - သစ္စာဖောက်ခြင်း

936 196 12
                                    

Unicode

"ဖုန့်ဟွာ...ဖုန့်ဟွာ.."

တိုးဖျော့ငြင်သာတဲ့ခေါ်သံလေးက ဖုန့်ဟွာရဲ့ မျက်ဝန်းတွေကို လာနိုးစွလေသည်။ သူ့ရှေ့မှာ စက္ကူစတွေက တောင်တန်းနဲ့ ပင်လယ်လို လည်ပတ်ကာ သူ့ကို နှစ်မြှုပ်လို့ထား၏။

ဒီစက္ကူတွေက ရင်းနှီးသယောင်နဲ့ ထူးဆန်းသည့် စာလုံးတွေပြည့်ကျပ်နေကာ အပေါ်ကနေအောက်ကို ကျဆင်းလာခြင်းဖြစ်သည်။

ခပ်ဖျော့ဖျော့တောက်ပနေသည့် အဖြူရောင်အရိပ်လေးက ဖုန့်ဟွာရှိရာကို တစ်ရွေ့ရွေ့တိုးကပ်လာလေသည်။

"ဖုန့်ဟွာ... ကိုယ်တအားပျင်းတာပဲ။ ကိုယ်နဲ့ အိမ်တစ်လုံးအတူတူလာဆောက်စမ်းပါ" ထိုအရာက ဆိုလေသည်။

"အိမ်တစ်လုံးလား"

"နံရံတွေကို အရင်ဆောက်ရအောင်"

ပြောပြီးတာနဲ့ အဆုံးမရှိတဲ့စက္ကူတွေက စုစည်းသွားပြီး ပထမအလွှာပါးလေးဖြစ်ပေါ်လာသည်။ ထိုအလွှာပါးမှသည် တစ်လွှာပြီးတစ်လွှာစုစည်းပြီးသွားသောအချိန်မှာတော့ ဆောက်လုပ်ရေး ဘလော့တုံးတွေ၊ အုတ်ခဲတွေ အဖြစ်ပြောင်းသွားပြီး နောက်ဆုံးတော့ ခပ်ရှည်ရှည်နံရံတစ်ခုဖြစ်ပေါ်လာသည်။

မကြာခင်မှာပဲ ဒုတိယနံရံတစ်ခုပါ တည်ဆောက်လို့ပြီးသွားပြီဖြစ်သည်။

"ကိုယ်တို့ နံရံလေးခုဆောက်ဖို့လိုလိမ့်မယ်၊ မြန်မြန်.. မြန်မြန်..။ နံရံတွေအပြင်ကို ကိုယ်တို့ အမိုး၊ တံခါးနဲ့ ပြတင်းပေါက်၊ ပြီးရင် မီးခိုးခေါင်းတိုင်ရောလုပ်ဖို့ကျန်သေးတယ်"

"...."

"ဖုန့်ဟွာ.. မင်းက အိမ်ဆောက်ရတာ အကြိုက်ဆုံးမဟုတ်ဘူးလား?... မင်းသိရမှာက.."

"....."

"အိမ်တစ်လုံးက အစိတ်အပိုင်းတွေနဲ့ စုစည်းဖြစ်တည်နေတာ။ အစိတ်အပိုင်းတစ်ခုဆီကို အိမ်တစ်လုံးလို့မခေါ်ဘူး။ တံခါးတစ်ခုလိုပေါ့။ သူ့ကို အိမ်လို့မခေါ်ဘူး။ အဲ့ဒါက သေးငယ်ပြီး မပြီးပြည့်စုံတဲ့ အစိတ်အပိုင်း..."

"ဘာဆိုလိုတာလဲ? မင်းဘယ်သူလဲ"

"ဖုန့်ဟွာ... မြန်မြန်‌လေးလုပ်ရအောင်.. ကိုယ်မစောင့်နိုင်တော့.."

Monster {Completed}Où les histoires vivent. Découvrez maintenant