အပိုင်း ၅ - မနာလိုခြင်း

1.2K 260 6
                                    

Unicode

နှစ်ယောက်သား သုတေသနဌာနကို ပြန်ဖို့ ရထားသာပြန်စီးလာကြသည်။ သူတို့က နောက်ကျတာကြောင့် လူတွေအဲ့လောက်အများကြီး မရှိတောဘဘူး။ လူကြီးနဲ့ ကလေးလေးက သူတို့ထိုင်ခုံတွေမှာထိုင်ပြီးတော့ တောက်ပတဲ့အလင်းတွေကို နောက်မှာ ချန်ထားခဲ့ကြသည်။

ဖုန့်ယဲ့ရန်က ပျော်ရွှင်စွာပြုံးပြီးပြောလာသည်။

"မင်းငါ့ကို ပထမဆုံးအကြိမ် ကိုကိုလို့ခေါ်တာပဲ"

ဖုန့်ဟွာက ဖုန့်ယဲ့ရန်ရဲ့ ပေါင်ပေါ်မှာ လဲအိပ်ချလိုက်ကာ ဖုန့်ယဲ့ရန်ရဲ့ စကားတွေကို မကြားချင်ယောင်ဆောင်လိုက်သည်။

"ယဲ့အာက လူတွေအများကြီးနဲ့သိတာပဲ"

ဖုန့်ယဲ့ရန်က ထပ်လည်း မပြင်ပေးတော့ဘူး။ "အင်း... ငါ သုတေသနဌာနကို စဝင်ကတည်းက သူတို့နဲ့ အဆက်အသွယ်သိပ်မရှိတော့ဘူး။ သူတို့ ဒီအတိုင်း စိတ်အားထက်သန်နေတာက ငါ့ကို ထိတယ်ရော"

"ဒါပေမယ့် ယဲ့အာက ငါ့တစ်ယောက်တည်း အပိုင်.... ဟုတ်?"

ဖုန့်ယဲ့ရန်က ကြောင်အသွားသည်။ "ဘာလို့ ဒီနေ့ ဆိုးတဲ့ ကလေးလို နေနေရတာလဲ"

"ယဲ့အာက ငါ့တစ်ယောက်တည်း အပိုင်ပါဆို.. ဟုတ်တယ်မလားလို့?"

"မင်းကတကယ့်ကိုကပ်တာပဲ ချာတိတ်" ဖုန့်ယဲ့ရန်က ဖုန့်ဟွာရဲ့ ခေါင်းကို သာသာလေးပုတ်ပေးကာ ပြောလာသည်။ "ဟုတ်ပါတယ်၊ ဟုတ်ပါတယ် မင်းတစ်ယောက်တည်းရဲ့အပိုင်ပါ။ ဒီ အကိုကြီး ဖုန့်ယဲ့ရန်က လူသိများပေမယ့် ဖုန့်ဟွာလေး တစ်ယောက်တည်းရဲ့ အပိုင်ပါနော်။ ဒါမှာ အနာဂတ်မှာ ဒီအရူးလေးက သူ့ကို ပိုစောင့်ရှောက်ပေးမှာပေါ့"

ဒါကိုကြားပြီးတဲ့နောက်မှာတော့ ဖုန့်ဟွာက အရမ်း..အရမ်းကို စိတ်ကျေနပ်သွားသည်။ သူက သူ့ခေါင်းကို ပုတ်ပေးနေတဲ့ ဖုန့်ယဲ့ရန်ရဲ့ လက်ချောင်းတွေကို နမ်းလိုက်သည်။ ဒီ‌လက်ချောင်းတွေက နူးညံ့တဲ့ အသားအရေရှိပြီး ပြည့်တင်းနေလေသည်။ ပြီးတော့ သူငြိမ်းချမ်းစွာ အိပ်ပျော်သွားလေ၏။

ခရီးမှပြန်လာပြီးနောက် ဖုန့်ယဲ့ရန်သည် အသေးစိတ်စစ်ဆေးရန် ဆေးရုံသို့နောက်တစ်ကြိမ်သွားခဲ့ပြီး ရလဒ်က‌တော့ သိပ်မ‌ကောင်းပေ။ ဖုန့်ဟွာ ကသူ့အကျိတ်ကြီးထွားမှုကို ဟန့်တားနိုင်ခဲ့ပေမယ့် အဆုံးတော့ မသတ်နိုင်ခဲ့ဘူး။ သူ၏ရောဂါသည်ပျံ့နှံ့နေပြီး သူ၏ခန္ဓာကိုယ်၌ပျံ့နှံ့နေဆဲဖြစ်သည်။ သူ၏ ပျမ်းမျှသက်တမ်းမှာ အမည်မသိဂဏန်းဖြစ်နေသည်။

Monster {Completed}Where stories live. Discover now