အပိုင်း ၁၄ - သွေးဆောင်ခြင်း

956 208 9
                                    

Unicode

ဖုန့်ဟွာလာအိပ်ချိန်မှာတော့ ဖုန့်ယဲ့ရန်မှာတော်တော်လေးကို တည်ငြိမ်သွားပြီဖြစ်သည်။

"ကိုယ်ပွားရော?"

"ပျောက်သွားပြီလေ"

ဖုန့်ဟွာရဲ့ လက်ရှိကိုယ်ပွားထုတ်နိုင်စွမ်းက ဆယ်မိနစ်သာခံလေသည်။

"နောက်ကျ ဒီလိုဟာသမျိုးမလုပ်နဲ့"

"ဘာမှားလို့လဲ? ယဲ့အာ မကြိုက်ဘူးလား"

"လူတွေမှာ အရှက်တရားရှိတယ်။ ငါ့ရှေ့မှာ ငါနဲ့တစ်ပုံစံထဲတူတဲ့လူတစ်ယောက်ကို ဒီလိုကြီးလုပ်တာက အရမ်း..."

ဖုန့်ဟွာကပြုံးလာသည်။ "ယဲ့အာက ဒီလိုမျိုးကို ကိုယ်ပွားကို မလုပ်စေဘဲ ယဲ့အာကိုယ်တိုင်ဆီကို တိုက်ရိုက်လုပ်စေချင်တာလား?"

ဖုန့်ယဲ့ရန်က မတ်တပ်ရပ်လိုက်ပြီး ဖုန့်ဟွာကို မျက်နှာချင်းဆိုင်လိုက်သည်။ သူ့မျက်လုံးတွေက အမှောင်ထဲမှာ ပုန်းကွယ်နေပြီး အသံကလည်း တိုးလျနေသည်။ "ဖုန့်ဟွာ.... မင်းက‌ သွေးသန့် Adesir လေ။ မင်းမှာ အလွန့်ကို အားကောင်းတဲ့ သွေးဆောင်နိုင်စွမ်းရှိတယ်။ မင်းလိုချင်ရင် ငါ့ဦးနှောက်လည်း မင်း ပုံဖော်တဲ့အတိုင်းဖြစ်နေမှာပဲ။ ပြီးရင် ငါ့ခန္ဓာရဲ့ အာရုံငါးပါးကလည်း မင်းထိန်းချုပ်လို့ရနေတာပဲကို။ ဒါပေမယ့်... ဒါက အဓိပ္ပါယ်ရှိတယ်မလား?

"...."

"ကိုယ်မင်းကို ချစ်တယ်ဖုန့်ဟွာ... တကယ်အရမ်းကို ချစ်တာ။ ဒါပေမယ့်အဲ့ဒါက မိသားစုအချစ်ပဲ။ ကိုယ်မင်းရဲ့ ခံစားချက်တွေကို တုန့်ပြန်ချင်ပါတယ်။ ဒါပေမယ့် ကိုယ်မလုပ်နိုင်ဘူးလေ။ ကိုယ်က မင်းကိုယ့်ကို နမ်းတာကို လက်ခံနိုင်ပေမယ့် အဲ့ထက်ပိုသွားရင်တော့ ငါတကယ်ကြီးကို လက်မခံနိုင်...

"ယဲ့အာ ချန်ရွှမ်ကိုချစ်တာသိပါတယ်" ဖုန့်ဟွာရဲ့အသံက ပုံမှန်မကျစွာတည်ငြိမ်နေသည်။

"ကိုယ်တကယ်ကြီးကို မင်းရဲ့ အာရုံစိုက်တဲ့ဦးတည်ချက်ပြောင်းဖို့မျှော်လင့်တယ်။ အခုပဲကြည့်လေ.. မင်းငါ့နားကပ်ပြီး Adesir ဟော်မုန်းတွေထုတ်လိုက် ငါဘယ်လိုမှတောင့်မခံနိုင်ဘူးလေ။ ငါမင်းကို တုန့်ပြန်တာဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါပေမယ့် အဲ့ဒါက ငါ့ခံစားချက်တွေမဟုတ်ဘူး။ ပြီးတော့ မင်းက အထင်လွဲသွားရော... ပြီးတော့... နောက်ဆုံးတော့လည်း... ငါကပဲမင်းကို ပိုပြီး... တောင်းပန်ပါတယ်... ငါသူမကို သစ္စာမဖောက်ချင်ဘူး။"

Monster {Completed}Where stories live. Discover now