အပိုင်း ၈ - အပြစ်ပေးခြင်း

1K 226 6
                                    

Unicode

သူအချုပ်ခံရတဲ့ တစ်လအတွင်းမှာ ဖုန့်ဟွာက တဖြည်းဖြည်း နေ့နဲ့ညမှားလာသည်။ အစစ်အမှန်နဲ့ အိမ်မက်မှားလာသည်။ သူနိုးလာရင် ပြတင်းပေါက်ဆီသွားရပ်ရင်ရပ်၊ မရပ်ရင် ဒန်းလေးကို ဖြေးညင်းစွာ သွားလွှဲနေလေ့ရှိသည်။ ဖုန့်ယဲ့ရန်က သူ့အခန်းတံခါးကို လာခေါက်ကာ အခန်းအပြင်မှာ မလာမချင်း သူက အချိန်အများစုကို အိပ်နေလေ့ရှိသည်။

အိမ်မက်တွေ အများကြီး... အများကြီး မက်ခဲ့သည်။ များလွန်းလို့ သူ့မျာ မမှတ်မိတော့။ တစ်ခါတစ်လေ သူအပိုင်းအစတချို့သာ မှတ်မိတော့သည်။ သူက သူ့ကိုယ်ပိုင်အခန်းလေးထဲရပ်နေပြီး အထီးကျန်ကျန်နဲ့ သူ့မျက်နှာသူ ပြန်လေ့လာနေတတ်သည်။ တစ်ခါတစ်လေ သူ့အခန်း ပြတင်းပေါက်ကို ကာရံထားသည့် သံတိုင်တွေက မရှိတော့ဘဲ ဆောင်းဦးလေပြည်လေးကက သူ့ကို အပြင်ထွက်လာဖို့ ကမ်းလင့်ကြောင်းလည်း မက်၏။ သူပျော်ပျော်ရွှင်ရွှင်နဲ့ ပြတင်းပေါက်‌ပေါ်တက်ပြီး အပြင်ထွက်သွားတဲ့အခါမှာတော့ သူနဲ့ရင်းနှီးတဲ့ပုံရိပ်လေးက ထောင်နဲ့ချီတဲ့ သစ်နီပင်တွေအောက်မှာ သူ့ကို ငေးကြည့်နေကြောင်း မြင်လိုက်ရသည်။

သူ အချုပ်ခံရပြီးလို့ တစ်ပတ်အကြာ အောက်တိုဘာ ၅ ရက်နေ့မှာ သံတိုင်တံခါးက နောက်တစ်ကြိမ်ထပ်အခေါက်ခံခဲ့ရသည်။ အဲ့ဒါက ပစ္စည်းပို့သမားမဟုတ်သလို ဖုန့်ယဲ့ရန်လည်း မဟုတ်ဘူး။ ငယ်ရွယ်ပြီး ပေါ့ပျက်ပျက်ပုံပေါက်နေတဲ့ ဆံပင်နီနီနဲ့လူတစ်ယောက်ပါပဲ။

"ယို့" ထိုလူက တံခါးအပြင်ကနေ လေတစ်ချက်ချွန်လိုက်သည်။ သံတစ်ခါးက အချိန်အနည်းငယ် လှုပ်ခါသွားပြီးနောက်မှာတော့ သူက ဝင်လာလေသည်။

အခန်းအပြင်က အလင်းက စူးရှကာမူးဝေစေတာမို့ ဖုန့်ဟွာက သူ့မျက်လုံးတွေကို လက်နဲ့ကာလိုက်ရသည်။ သူက ကြောင်အစွာမေးလာ၏။

"မင်းဘယ်လိုဝင်ခဲ့တာလဲ?"

သူ့အချုပ်ခံနေရစဥ်ကာလမှာ ဖုန့်ယဲ့ရန်တောင် စိတ်ရှိသလို ဝင်ခွင့်မရခဲ့ချေ။ ဖုန့်ဟွာစီကိုလာချင်ရင် သူ့အစာအိမ်နာကြောင်းခွင့်ပြုချက်ယူပြီးမှ လာရတာဖြစ်သည်။

Monster {Completed}Where stories live. Discover now