အပိုင်း ၃၃ - လေ့လာစမ်းစစ်ချက် နှင့် ကိုးကားများ

1.2K 126 4
                                    

Unicode

I. လေ့လာစမ်းစစ်ချက်

၁. ဖန်တီးခံရတဲ့ကမ္ဘာတွေက ထင်ယောင်ထင်မှားမဟုတ်ဘဲ လုံးဝအစစ်အမှန်တွေပါ။

ဖုန့်ဟွာဖန်တီးခဲ့တဲ့ ကမ္ဘာတွေက အိပ်မက်တွေမဟုတ်ဘူး။ သူက မြေရိုင်းမှာ ကမ္ဘာတွေဖန်တီးခဲ့တာ။ ကမ္ဘာတွေကို ပုံတူပွားတယ်လို့ပြောလို့ရပေမယ့် အဲ့ဒါတွေက ကမ္ဘာသစ်ရဲ့သက်ရောက်မှုတွေကို မြင်နိုင်တယ်။ (ဖိုင်နယ်အပိုင်းကကမ္ဘာဆိုရင် သတ္တဝါတွေက ဘဝရှိတယ်) ဒီလိုကြည့်မယ်ဆိုရင် သူက ဖန်ဆင်းရှင်နဲ့မကွာဘူးလို့ပြောနိုင်တယ်။ ကမ္ဘာအဆုံးသတ်တွေ၊ အချိန်တွေ အကုန်လုံးကို 'အမှန်တရား' အပိုင်းတွေမှာ ငါရေးထားတယ်။

၂. ဇာတ်လမ်း တည်ဆောက်ပုံ

ဖုန့်ဟွာက ဖုန့်ယဲ့ရန်သေတာကို လုံးဝလက်မခံနိုင်ဘူး။ ဒါကြောင့်သူက ဖုန့်ယဲ့ရန်ရဲ့ သေဆုံးခြင်းကို မေ့ပစ်ဖို့ရွေးချယ်ပြီး သေဆုံးခြင်းနဲ့ဆက်နွယ်နေတဲ့ ချစ်ခြင်းတရားကိုပါ မေ့ပစ်ခဲ့တယ်။ သူ့ရဲ့ နာကျင်လှတဲ့ ဆာလောင်မှုကို အသုံးပြုပြီး ကမ္ဘာတွေကို ဖန်တီးလိုက်ဖျက်စီးလိုက်လုပ်နေတာ။ သူ့အတွက်တော့ ချစ်ခြင်းမေတ္တာက ပြီးဆုံးခြင်းကို ရည်ညွှန်းတယ်။ ဒါကြောင့် သူက မေ့ပစ်ပြီး ရှောင်ရှားဖို့ကို ကြိုးစားနေတာ။ (အပိုင်း ၃၂ မှာ အသေးစိတ်ရှင်းထားတယ်)

ဒီဇာတ်လမ်းရဲ့ ပထမဆုံးအပိုင်းဖြစ်တဲ့ နံရံက (၂၂၃၂ ခရစ္စမက် ကနေ ၂၂၃၉ ဆောင်းရာသီ) က ဖုန့်ဟွာဖန်တီးခဲ့တဲ့ ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခုပဲ။ အဲ့ကမ္ဘာမှာ အစကတော့ အသားပုပ်က လောင်ကျွမ်းနံ့ရနေနှင့်ပြီ။ ဒါက ပထမဆုံး စစချင်းဖြစ်နေတဲ့ ဇာတ်လမ်းမဟုတ်ဘူးဆိုတာရဲ့သဲလွန်စပဲ။ အဆုံးမှာတော့ ဖုန့်ဟွာက အကုန်လုံးကို ပြာချလိုက်တယ်လေ။ သူက ကမ္ဘာတိုင်းကို နံရံနဲ့တူအောင် ဖန်တီးခဲ့တာပဲ။ အချိန်ကတော့ ကြာရင်လည်းကြာမယ်။ တစ်ခါတစ်လေတော့လည်း နှေးမယ်ပေါ့။ ဇာတ်လမ်းတွေကလည်း အဲ့လို လိုတိုးပိုလျော့ပဲ။ ၂၂၃၉ ဆောင်းရာသီ နောက်ပိုင်းက အကြောင်းအရာတွေက ရှုပ်ထွေးနေပေမယ့် အကုန်လုံးက ပျက်စီးခြင်းနဲ့ အဆုံးသတ်ကြတာပါပဲ။

Monster {Completed}Where stories live. Discover now