အပိုင်း ၃၁ - အမှန်တရား (၂)

752 145 37
                                    

Unicode

၄.

ဖုန့်ယဲ့ရန်က ဘုရားကျောင်းနောက်မှာပဲ မြှုပ်နှံခံလိုက်ရပါသည်။ သူ့၏အမည်ဟာ သေးငယ်သည့် လက်ဝါးကပ်တိုင်ပေါ်တွင် ရေးမှတ်ခံထားရ၏။

ဒီဇင်ဘာ ၂၀ ကနေစပြီး ဆယ်နှစ်တိတိ ဖုန့်ဟွာသည့် သူ့ပိုင်ဆိုင်လိုစိတ်ဖြင့် ရူးသွပ်သွားခဲ့သည်။

ဖုန့်ယဲ့ရန် သူ့ကိုပြောခဲ့သည့် ရွှေရောင်မှတ်စုစာအုပ်ကို သွားမကြည့်ခဲ့ပါချေ။

သူက ဖုန့်ယဲ့ရန်သေဆုံးတာကို ရိုးရိုးရှင်းရှင်းကို လက်မခံနိုင်တာဖြစ်သည်။ ထို့ကြောင့် သူက မေ့ပစ်ဖို့သာ ရွေးချယ်ခဲ့သည်။ သူ့မှတ်ဉာဏ်စက်အရ သေဆုံးခြင်းနဲ့ ချစ်ခြင်းမေတ္တာသည် နက်ရှိုင်းစွာ ဆက်နွယ်နေသည်။ နောက်ဆုံးမှာတော့ သူသည့် ဖုန့်ယဲ့ရန်က သူ့ကိုချစ်မြတ်နိုးကြောင်း သိလျက်နှင့် တစ်နှစ်ခွဲတိတိကို ဖုန့်ယဲ့ရန်နှင့်အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့သည်။ ထို့တစ်နှစ်ခွဲပြီးနောက်မှာတော့ ဖုန့်ယဲ့ရန်သည် သေဆုံးသွားခဲ့သည်။ ဒီတစ်နှစ်ခွဲ၏ နေ့ရက်တိုင်းသည် ချစ်ခြင်းတွေပြည့်နေသည့်တိုင် သေဆုံးခြင်း အကြောက်တရားနှင့်လည်း ပြည့်နှက်နေခဲ့သည်။

သေဆုံးခြင်း မှတ်ဉာဏ်တွေကို ဖျက်စီးပစ်ရန် သူသည် ချစ်ခြင်းမေတ္တာမှတ်ဉာဏ်တွေကိုလည်း ဖျက်စီးပစ်ဖို့လိုအပ်လေသည်။

သူက သူ့ခံစားချက်တွေက ခံစားချက်တွေ၊ အထူးသဖြင့် မကောင်းသည့် ခံစားချက်တွေက သူ့စွမ်းအားကို ထိန်းချုပ်နိုင်မှန်းသိပါသည်။ ပြီးတော့ နာကျင်မှုကြောင့်ဖြစ်ပေါ်လာသည့် ပိုင်ဆိုင်လိုစိတ်သည် အဆုံးစွန်သော စွမ်းအားကို ပေးနိုင်ပါ၏။ ဖြစ်နိုင်တာကတော့ သူက ယဲ့အာနှင့်အတူ ဖြတ်သန်းခဲ့သော ကမ္ဘာတစ်ခုကိုတောင် ပုံတူပွားနိုင်ပါ၏။

သူ့ဘဝက တိုက်ပွဲဆန်လွန်းပါသည်။ သူ့က အမြင်လှည့်စားခံမှုနှင့်အတူ ဖုန့်ယဲ့ရန်၏ အုတ်ဂူနားမှာ လျှောက်သွားရင်း ကမ္ဘာတွေကို တစ္ဆေတစ်ကောင်လို ဖန်တီးနေတော့သည်။

ချစ်ခြင်းမှတ်ဉာဏ်တွေပြီးနောက်မှာ သေဆုံးခြင်းကလည်း လုံးဝကို ပျောက်ကွယ်သွားသည်။ ဖုန်ယဲ့ရန်၏ သေဆုံးခြင်းကို သူလုံးဝမေ့သွားခဲ့သည်။

Monster {Completed}Where stories live. Discover now