အပိုင်း ၁၉ - သံသယ

760 176 14
                                    

Unicode

ကော်ဖီဆိုင်ထဲတွင်။

"ဖုန့်ဟွာရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေက အရမ်းဆိုးနေတယ်။ သူက အန္တရာယ်ရှိနိုင်တယ်" သူထိုင်ချလိုက်လိုက်ချင်းမှာပဲ အဖြူရောင် lab coat ဝတ်ထားသည့် ရှောင်ကျီကျဲက ဆိုလာသည်။

သူက ဖုန့်ယဲ့ရန်ကို ဗီဒီယိုတိုလေးပြသည်။ ထိုဗီဒီယိုထဲတွင် ရှောင်ကျီကျဲနှင့် ဖုန့်ဟွာက စာရွက်စာတမ်းတွေတင်ထားသည့် စားပွဲတစ်လုံးကို ကြားမှာထားကာတစ်ဖက်တစ်ချက်မှာ ထိုင်နေကြသည်။ ရုပ်က ထင်ထင်ရှားရှားမမြင်ရဘဲလိုင်းတချို့နှောက်ယှက်ခံထားရပေမယ့် အသံတွေကတော့ ကြည်လင်စွာ နားထောင်လို့ရဆဲပင်။

"မင်းဘာလို့ ဒီနေရာမှာ မဖြည့်တာလဲ? မင်းကဘာမှကိုမကြောက်ဘူးလား? ဥပမာ- ပိုးကောင်၊ အိပ်မက်ဆိုးတွေ နဲ့ သရဲတစ္ဆေတွေ"

"ယဲ့အာ ကျွန်တော့်ကို ချန်သွားမှာကိုကြောက်တာ"

"ပြီးတော့ရော"

"...ကိုယ့်ကိုယ်ကိုယ်ကြောက်တယ်"

"ဘာလို့လဲ"

ဖုန့်ဟွာက သူ့ခေါင်းသူကိုင်ထားကာ အချိန်ကြာကြီး တိတ်ဆိတ်နေခဲ့သည်။ သူမဖြေတော့ဘူးလို့ ထင်မှတ်လောက်သည့်အချိန်မှာပင် ဖုန့်ဟွာက ဖြည်းငြင်းစွာ ဆိုလာသည်။ "ကျွန်တော်...အမြဲတမ်း ပြင်းပျတဲ့ဆာလောင်မှုရှိတယ်။ ကျွန်တော်မွေးကတည်းက.. မဟုတ်ဘူး အဲ့ထက်စောရင်စောနိုင်တယ်... ကျွန်တော့်ကို အဲ့အရာကပဲ ရှေ့တိုးအောင်တွန်းနေတာ ...မီးလုံးတစ်လုံးလိုပဲ ကျွန်တော်က အဆုံးသတ်မမြင်ရတဲ့ အသူရာချောက်နက်ကြီးထဲ လိမ့်ဆင်းသွားသလိုခံစားရတယ်။ ရံဖန်ရံခါ ကျွန်တော့်ရဲ့ မှတ်ဉာဏ်တချို့ကို မမှတ်မိဘူး။ တစ်ခါတစ်လေတော့ ကျွန်တော့်စိတ်ထဲမှာ တစ်ခြားသူတွေရဲ့အသံတွေကြားရတယ်။ တစ်ခါတစ်လေတော့လည်း ကျွန်တော်က အရမ်း အရမ်းကို ရမ်းကားကြမ်းတမ်းနေပြီး တစ်ခါတစ်လေတော့လည်း ကျွန်တော်အရမ်းပျော်နေတတ်တယ်။ တစ်ခါတစ်လေ အရာအားလုံးကို ကျွန်တော်က ကာကွယ်ချင်နေပြီး တစ်ခါတစ်လေကျ အကုန်လုံးကို ဖျက်စီးချင်နေတယ်။ ကျွန်တော်ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်မှာ ကြောက်တယ်"

Monster {Completed}Tempat cerita menjadi hidup. Temukan sekarang